5 w - Translate

ရွှေ၊ ဒေါ်လာ၊ မြေ၊ တိုက်ခန်း စတာတွေထဲက လက်တလော ဘာရင်းနှီးမြှုပ်နှံသင့်သလဲ

ကျွန်တော်တွေးမိတာက ရွှေနဲ့ ဒေါ်လာက ကိုယ်လက်ထဲရှိရင်တောင် အသိမ်းခံရ အလုခံရ နိုင်ခြေရှိပြီး ဒေါ်လာဆိုရင် မတော် ဖမ်းခံရနိုင်တဲ့ အခြေအနေပါ။ ရေတိုအတွက် ရင်းနှီးမြုပ်နှံဖို့ သင့်တော်ပေမယ့် မြေကြီးထဲ တူးထားရမယ့် အနေထားပါ။ ငွေကြေးဖောင်းပွမှုကို အံတုနိုင်တာတော့ သူတို့ ၂ ခုပေါ့။

မြေ နဲ့ တိုက်ခန်း (သို့) ကွန်ဒို

မြေကတော့ ခုအနေအထားအရ နှစ်ဆယ်ချီရင်းနှီးမြုပ်နှံပြီး ဘယ်ဆီနေမှန်းမသိတဲ့ အလင်းရောင်ကို စောင့်မှ အမြတ်ရနိုင်တော့မယ့် အနေထားတခုကို ရောက်နေပါပြီ.. စီးပွားရေးကျဆင်းမှုမှာ လုပ်ငန်းတိုးချဲ့မှုထက် ရှိတာလေး ထိန်းနေရတဲ့ အခြေနေတခုကို ဆိုက်ရောက်လာပြီဆိုရင် ဘယ်သူမှ မြေဈေးကောင်းပေးနိုင်မှာ အပြိုင်ရင်းနှီးမြုပ်နှံနိုင်မှာ မဟုတ်ပါဘူး။

မြေယာတခု တန်ဖိုးတက်ဖို့ဆိုတာ သူ့ကိုထောက်ပံပေးရမယ့် လျှပ်စစ်မီးရရှိနိုင်မှု ရေကောင်းရေသန့် ပေးဝေနိုင်မှု နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုတွေ လိုအပ်ပါတယ်။ ထိုကိစ္စတွေကို အစိုးရတစ်ရပ်က ဖော်ဆောင်ပေး Project တွေဆွဲ Plan တွေလုပ်ဖို့နဲ့ Budget တွေ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဆောင်ကျဉ်းပေးရင် ဈေးနှုန်းတွေ လျင်မြန်စွာထိုးတက်ပါတယ်။ လက်ရှိအနေထားမှာတော့ လုံးဝ မဖြစ်နိုင်ပါဘူး။

တိုင်းပြည်ဟာ လက်ရှိ infrastructure တွေကိုတောင် ထိန်းသိမ်းနိုင်မယ့် Budget ရှိပါသေးလားလို့ သံသယရှိပါတယ်။ အဲ့တော့ အခုတက်နေတဲ့ မြေဈေး အိမ်ဈေးတွေက အကြောက်တရား ဈေးတွေလို့ ယူဆရပါမယ်။ အချိန်တခုမှ တိုးတက်လာနိုင်မယ်ဆိုတဲ့ ရင်းနှီးမြုပ်နှံမှုထက် လက်ထဲ ပိုက်ဆံမပြောင်သွားရေးအတွက် (မြေ) ဝယ်ထားရတဲ့ ဈေးကွက်ပါ။

ထိုဈေးကွက်သည် ငွေလိုအပ်လာလို့ ထိုးရောင်းရတဲ့အခါ ဈေးတန်းတန့်သွားပါမယ်။ မရောင်းရင် မရှုံးဘူးဆိုပြီး ကိုင်ထားမယ့်သူတွေရဲ့ ဈေးနဲ့ မရောင်းရင် စားဖို့မရှိဆိုတဲ့ သူတွေရဲ့ ဈေးနှစ်မျိုး ဖော်ဆောင်သွားပါလိမ့်မယ်။

တိုက်ခန်း (သို့) ကွန်ဒို၊ ဒီနှစ်ခုကတော့ Demand များနေအုံးမှာပါ။ မီးတွေပိုပျက် ဆီတွေပြတ် ဆီဈေးတွေပိုတက် downtown ၆ မြို့နယ်ဘဲ လူရာဝင် မီးလာစေ ဆိုတဲ့ခေတ်၊ မိုးရွာရေတင် မြောင်းမရှိလို့ ရေမကျတဲ့ ခေတ်ကို ဖြတ်သန်းဖူးတဲ့ လူတွေအတွက် တိုက်ခန်းကျဉ်းကျဉ်းလေးမှာ ပန်ကာ (သို့) အဲယားကွန်းလေးနဲ့ အိပ်ဖို့ ကြိုးစားသူတွေအတွက် မြို့နယ်တိုက်ခန်းတွေဆီ လူတွေ ပိုတိုးပြီး ငှား/ရောင်းတွေ လုပ်ရတော့မှာပါ။

အထူးသဖြင့်ဓာတ်လှေကားနဲ့ ကွန်ဒိုတွေဈေးဟာ အခု တက်နေတဲ့ ပစ္စည်းဈေးတွေကြောင့် အချို့နေရာက ရောင်းဈေးတွေဆို ပြန်တောင် ဆောက်လို့ မရတော့ပါဘူး။ လစဉ်ကြေး ဓာတ်လှေကားဆီဖိုးသုံးနိုင်သူတွေရဲ့ ရွေးချယ်ရာ ဖြစ်လာမယ်ဆိုတော့ ဝယ်မယ့် Demand များနိုင်ပါတယ်။

ငလျင်ဒဏ် သဘာဝဘေးဒဏ်တွေကို အံတုရင်း မျက်ခုံးလှုပ်လှုပ်နေရမယ့် တိုက်ဟောင်းတွေကိုတော့ ဘုရားတရား သရဏဂုံတင်ပြီး နေရဖို့ဘဲရှိနေပါပြီ။ ဒါတွေ Concern ဖြစ်ဖို့ အခုတော့ မြို့ပြကြီးအတွက် နောက်ကျနေပါပြီ။ အဲ့တော့ လူကြီးမင်းတို့ ဘာကိုရွေးချယ်မလဲ။ (Ko Min Wai)

#တိုက်ခန်း
#ကွန်ဒို
#မြေ
Crd

image