5 w - Translate

ခင်ဗျား သိလား.....

ကျနော်ကလေ တခြားတခြားသောအချိန်တွေမှာ
အားငယ်ခြင်း ဝမ်းနည်းခြင်းတွေကို
''ငါပြိုလဲလို့မဖြစ်ဘူး'' ဆိုတဲ့ စိတ်နဲ့
ရအောင် တိုက်ထုတ်နိုင်ပေမယ့်
နေမကောင်း ဖြစ်တဲ့အချိန်ဆိုရင်လေ
''ငါ့ဘေးမှာ တစ်ယောက်မှ မရှိဘူး'' ဆိုတဲ့ အတွေးနဲ့
ကိုယ့်ကိုကိုယ့် အကြိမ်ကြိမ်သတ်တယ်

အရက်သောက်များသွားပေမယ့် နိုးထ လာတဲ့မနက်တွေမှာ
မှိုင်တွေ မနေပဲ ပုံမှန်အတိုင်း လန်းလန်းဆန်းဆန်းရှိနေနိုင်တယ်

ငိုတာများသွားရင်တော့ နောက်တနေ့
မနက်ခင်းတွေလည်း မလှပတော့ဘူး
မြင်သမျှ ထိတွေသမျှအရာတိုင်းဟာ
ဆွေးစရာ လွမ်းစရာ ဝမ်းနည်းစရာတွေနဲ့

မျက်ရည်တွေကတော့ ပြောရှာတယ်
မမောသေးဘူးလားတဲ့ .....
ငိုမယ့်အစား အရက်တွေသောက်ပြီး
ဟား တိုက်ရယ်ဖို့ အကြံပြုကြလေရဲ့

ငိုဖို့ကိုပဲ ကျနော်ရွေးချယ်ခဲ့တယ်
အရက်သောက်တာ ခင်ဗျား မကြိုက်ဘူးမလား
ဂျစ်ကန်ကန်နဲ့ ခေါင်းသိပ်မာတဲ့
ကောင်မလေးကလေ ခင်ဗျားမသိတဲ့တစ်ခြားတစ်ဖက်မှာ
ခင်ဗျားမကြိုက်တာဆို
သူ.. မကြိုက်ဘူးဆိုတဲ့အတွေးနဲ့ လိမ္မာနေတတ်တာ
ခင်ဗျား........ သိလား

.....အမျိုးသမီးလေး🍀🍀
3.9.2023

image