5 w - Translate

တိတ်ဆိတ်ပေးလိုက်တယ်နော်...
စကားတွေအများကြီး နားထောင်နေရတာ အဆင်မပြေဘူးမဟုတ်လား ။ အချစ်ပါ စေတနာပါလို့ ဘယ်လောက်ပြောပြော မလိုဘူးလို့ပဲ ထင်တာမလား ။ ဒီကောင်မလေးက သိပ်ကို စကားများတာလေ ဘာမှ မဟုတ်တာလေးကအစ လိုက်ပြီး စိတ်ပူပြီး စကားတွေ အများကြီးပြောနေတတ်တာ အနှောင့်အယှက်ဖြစ်တယ် မဟုတ်လား ။
တိတ်ဆိတ်ပေးလိုက်တော့မယ်နော်... ကိုယ်နဲ့ အဆင်မပြေနိုင်တဲ့အရာတွေ လုပ်နေမယ်ဆိုရင်တောင် မျက်နှာလွဲပြီး နေနိုင်လာတဲ့အထိကို တိတ်ဆိတ်ပေးလိုက်မယ် ။ မင်းအတွက်တော့ ဒါတွေက ပျော်စရာကောင်းနေမှာပါ နားတွေ မညည်းတော့ဘူး ပြီးတော့ မင်းကြိုက်တဲ့ အရာတွေကို မတားတော့ဘူးလေ ။
လွတ်လွတ်လပ်လပ်သာနေ... ပျော်သလိုသာနေ နီးစပ်ခြင်း မနီးစပ်ခြင်းဆိုတာ အရေးမှ ပါမနေတော့တာ ဒီတိုင်း အဝေးမှာနေပြီး နှစ်တွေ အကြာကြီး ချစ်နေလဲ ဖြစ်တာပဲလေ ဟုတ်တယ်မလား အကယ်၍ ဝေးရမယ်ဆိုရင်တောင် ဒါ မင်းရွေးချယ်ခဲ့တာပဲဆိုတဲ့ စိတ်နဲ့ပဲ ဖြေရုံပေါ့ ။
ဘာမဟုတ်တာလေးကအစ လိုက်ပြီး စိတ်ပူခဲ့တယ်ဆိုတာ... ဘာမှ မဟုတ်တာလေးနဲ့ မင်းကို မဆုံးရှုံးချင်ခဲ့တာပါဆိုတာကို မင်းနားလည်အောင် မရှင်းပြတတ်ခဲ့ဘူး ။ ပုံမှန်ဆို စကားသိပ်နည်းတဲ့ ကောင်မလေးက မင်းနဲ့ ပတ်သက်မှ စကားတွေ အများကြီးပြောနေတတ်တာကို မင်းမသိခဲ့ဘူး ။
ရှိပါစေတော့... အခုတော့ တိတ်ဆိတ်နေလိုက်တာပဲ အဆင်ပြေမယ်ထင်ပါတယ် ။ စကားတွေ အများကြီးပြောခဲ့ပြီးသွားသလို မောလဲ မောသွားခဲ့ပြီ ကိုယ်ပြောလို့အရာမထင်တဲ့နေရာတွေမှာ အရေးတွေ ပါချင်နေလို့မှ မဖြစ်တာဆိုတဲ့ အမှန်တရားကို လက်သင့်ခံလိုက်ကြရုံပေါ့ ။
ဒီကောင်မလေးက အခုတော့ တကယ်ပါးစပ်ပိတ် တိတ်ဆိတ်သွားခဲ့ပြီလေ ။

#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)

image