5 w - Translate

ငါက ဘယ်နေရာမှာလဲဆိုပြီး
ပြေးပြေးမကြည့်တာကောင်းမယ်
( ခံနိုင်ရည် မရှိသေးရင်ပေါ့ )

တချို့လူတွေအတွက် ကိုယ်ဟာ ထင်ထားသလို
အရေးမပါတတ်သလို တချို့နေရာတွေမှာ
ကိုယ်က တွေးထားတာထက်ပိုပြီးတော့
အရေးကြီးမနေတတ်တာလေ ဘာလို့လဲဆိုတဲ့
မေးခွန်းတွေမေးရင်လည်း အပိုပါပဲ ...
မင်းက အရေးမကြီးလို့ဆိုတဲ့အဖြေတွေ
ပြန်ပေးမှာမဟုတ်ဘူး ဆင်ခြေတွေပဲ ပြန်ရလာမှာ

ငါ ဘာဖြစ်နေလို့လဲဆိုတဲ့ အဖြေတွေ
ရှာနေမယ်ဆိုရင်လည်း ခေါင်းခြောက်ရုံပဲရှိမှာ
နောက်ဆုံး ရလာမယ့်အဖြေက
တစ်မျိုးတည်းပဲ ငါ ဖြစ်နေလို့ ဆိုတာမျိုးပေါ့ ။

တစ်ခါတစ်လေမှာ ဘာမှ မသိခြင်းက
ပိုပြီးတော့ နာကျင်စရာကင်းတယ်
တစ်ခါတစ်လေအများကြီး သိပြီး
ဘာမှ မဖြစ်သလိုဟန်ဆောင်ရတာက
ပိုပင်ပန်းတယ်..
ဘယ်လောက်ပဲ ကြိုးစားကြိုးစား
တချို့နေရာတွေမှာ ကိုယ်ဟာ ဘာမှ ဟုတ်မနေတတ်ဘူး ။

#ကျေးကို
Crd to original writer with respect 💌

image