5 w - Translate

ကမ္ဘာ့တန်ဖိုးအကြီးဆုံးလူစာရင်းအဖြစ် ချဲလ်ဆီးအသင်း ရပ်တည်

ချဲလ်ဆီးအသင်းဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးလူစာရင်းအဖြစ် နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။

ဘောလုံးအချက်အလက် လေ့လာရေးအဖွဲ့ CIES ဟာ ကမ္ဘာ့ဈေးအကြီးဆုံး လူစာရင်း ပိုင်ဆိုင်ထားတဲ့ ကလပ်အသင်း ၁၀၀ ကို ထုတ်ပြန်ခဲ့ရာမှာ ချဲလ်ဆီးအသင်းက ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တာပါ။

ချဲလ်ဆီးအသင်းရဲ့လူစာရင်းဟာ ပေါင် ၁ ဒသမ ၀၆ ဘီလီယံ တန်ဖိုးရှိပြီး ပေါင် ၈၇၄ သန်း တန်ဖိုးရှိတဲ့ မန်ယူအသင်းလူစာရင်းက ဒုတိယနေရာမှာ ရပ်တည်ပါတယ်။

တတိယနေရာမှာ မန်စီးတီးအသင်းက ပေါင် ၈၅၆ သန်းနဲ့ ရပ်တည်ခဲ့ပြီး အာဆင်နယ်က ပေါင် ၆၇၂ သန်း၊ စပါးက ပေါင် ၆၆၃ သန်းနဲ့ အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။

အဲဒီနောက် ပီအက်စ်ဂျီ၊ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ်၊ ဂျူဗင်တပ် အစရှိတဲ့အသင်းတွေက တန်ဖိုးအကြီးဆုံးလူစာရင်းမှာ အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။

image