5 w - Translate

အမှန်မှာ တရားရှိသလို
အမှားမှာလဲ တရားရှိမှာပါ..။
ငါက အရွယ်ရောက်ပြီဆိုတာနဲ့
လင်ယူသားမွေးဖို့ပဲ စိတ်ကူးနေတဲ့
ပုဂ္ဂိလ်တွေကို သိပ်မုန်းတာ ဘာလို့လဲဆိုတော့
သူတို့နှလုံးသားမှာ တရားမရှိလို့..။

(ဆရာ)မောင်ချောနွယ်ရဲ့
'လူကြိုက်နည်းတဲ့ကောင်'ကဗျာရှည်ကို ခဏခဏငါပြန်ဖတ်တယ် ဘာလို့လဲဆိုတော့
ကုန်ပစ္စည်းတစ်ခုလို ကိုယ့်ကိုယ်ကိုယ်ပြောင်လက်အောင် တမင်တကာလုပ်ယူနေရတာကို စိတ်ပျက်လာလို့..။

ငါဟာ ခေတ်ပေါ်သီချင်းတစ်ပုဒ်မဟုတ်ဘူး။
မီးညှိထားယုံနဲ့ သူ့အလိုလိုကုန်သွားမဲ့ ဒုက္ခအိုးပဲ။
ဒီလိုပဲ ငါ့ကိုငါ အဆိုးမြင်ပြီး
အခြားသူတွေကို ဖြည့်တွေးပေးတတ်လာတာက
ငါမသေခင် ငါ့ရဲ့ အကောင်းဆုံးသတင်းဖြစ်မှာပါ..။

#ရိုးတံ
5.9.2024

image