ကျော်ကြီးတစ်ယောက်
ခွက်ပုန်းကစ်ပြီး ညည KTV သွားတာကို
သူ့မိန်းမ အတန်အသင့် သတိထားမိလေပြီ...။
တစ်နေ့ ကျော်ကြီး ရေချိုးနေတုန်း
ကျော်ကြီး မိန်းမ ဖုံးဖွင့်စစ်ဆေးရာ တွေ့လေပြီ...
#လမင်းမေ တဲ့
ဒေါသတကြီး ချက်ချင်းခေါ်ကြည့်ရာ
သားပြောလေဆိုသော ယောက္ခမ အသံကြားရလေသည် ။
သံသယစိတ်က မပျောက်သေး
ထပ်ရှာကြည့်ရာ တွေ့ပါပြီ ဒီတစ်ခါ 😉
#ကြယ်စင်မေ တဲ့
ကျော်ကြီးမိန်းမလည်း
အောင်နိုင်သူ အပြုံးဖြင့် တစ်ချက်ပြုံးပြီး ဆက်လိုက်ရာ
ကိုကျော် ပြောဟူသော
ယောင်းမ အသံသာ ထွက်လာလေသည်...။
ဖုန်းကို ပိတ်မည်ပြုစဉ် Miss call ဝင်ထားသော
#မောင့်အိပ်မက်မေ ဆိုသော အမည်အား တွေ့သောအခါ ကျော်ကြီးမိန်းမလည်း ဒေါသမီး တဟုန်းဟုန်းတောက်လောင်ပြီး ဖုန်းဆက်ကြည့်လိုက်ရာ ဘေးမှ ဖုန်းက အသံ ထမြည်လေသည်။
#မောင့်အိပ်မက်မေ ဆိုသည်မှာ ငါပါတကားဟု 😘
ယောက်ျား သူတော်ကောင်းကြီးအား
စော်ကားမိလေချင်းဟု စိတ်မကောင်းကြီးစွာဖြစ်ကာ
ငိုချ လိုက်မိလေသည်...။
ထိုစဉ် မက်ဆေ့ တစ်စောင်ဝင်လာလေပြီ
#ဦးသုမန တဲ့ 🙄
ဒကာကြီး တရားပွဲ စမယ် ဟူသတည်း...
ကျော်ကြီးမိန်းမလည်း
ယောက်ျား သူတော်ကောင်းကြီး စော်ကားမိလေချင်းဟု
မျက်ဝန်းမှ မျက်ရည်စများအား လူမမြင်အောင် ခိုးသုတ်လိုက်ရင်း 🤧
တရားပွဲမှာ လှူရအောင်
၅ သိန်းအုပ်လေး စားပွဲပေါ် တင်ပေးပြီး
ဟင်းနွေးချင်ဟန်ဆောင်ကာ
မီးဖိုခန်းထဲသို့ ဝင်သွားလေသည်...
ကျော်ကြီးလည်း ၅ သိန်းအုပ်ကို
ဟန်ပါပါယူရင်း အိမ်ပြင်ရောက်သည်နှင့်
#ဉီးသုမန ထံဖုံးဆက်ပြီး
ကလေး ကိုကြီးထွက်လာပြီ.... တဲ့
😁😂🤣