5 w - Translate

ကြက်သားမွန်ဟင်း

ပါဝင်ပစ္စည်း
၁။အိမ်ကြက် နုနု တစ်ခြမ်း ၃၀သား
၂။မရမ်းသီး အစိမ်း အရွယ်တော် ၆လုံး(မရမ်းပြားခြောက်ရရင် မရမ်းပြားခြောက်သုံးပါ။)
၃။စိမ်းစားငပိ လက်ဖက်စားဇွန်း ၁ဇွန်း
၄။စပါးလင် ၂ပင်
၅။ကြက်သွန်နီ ဥကြီး ၁ဥ
၆။ကြက်သွန်ဖြူ ၁ဥ
၇။ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၈။ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊
၉။ရှမ်းနံနံ ၃ရွက်
၁၀။ငရုတ်သီးစိမ်း အတောင့်၂၀(အစပ်စားနိုင်ရင်ပိုထည့်ပါ)
၁၁။နေကြာဆီ ထမင်းစားဇွန်း ၃ဇွန်း
၁၂။နနွင်း လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ

၁။ကြက်သားကို အနေတော်တုံး ဆား၊ ဟင်းခတ်မှုန့် ၊နနွင်း ၊စိမ်းစားငပိတို့နဲ့ အရသာဝင်အောင် ရောနယ်ထားပါ။
၂။ကြက်သွန်နီ ကြက်သွန်ဖြူ စပါးလင်၁ပင်ပါးပါးလှီး ညက်အောင်ထောင်းထားပါ ။
၃။မရမ်းသီး ကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ထားပါ။
၄။ငရုတ်သီးစိမ်း ကို ဒါးနဲ့ထက်ခြမ်းအရာပေးခွဲထားပါ။
၅။ရှမ်းနံနံ ကို ရေဆေးထားပါ။
၆။အရသာနယ်ထားသော ကြက်သားကို ကြက်သွန်ဖြူနီစပါးလင်ထောင်းထားတာနဲ့ မရမ်းသီးပါထည့် နေကြာဆီ ထမင်းစားဇွန်း ၃ဇွန်းပါ ရောနယ်ထားပါ။

ချက်ပြုတ်ပုံ

ဒယ်ထဲကြက်သားနယ်ထားတာထည့် အဖုံးအုပ်ပြီး မီးအနေတော်နဲ့ တည်ပါ။ ဆီသံဖြစ်ဖြစ်မြည်လာရင် အဖုံးဖွင့် အိုးမကပ်အောင်မွှေပေးပါ။
အိုးအရမ်းကပ်ရင် ငရုတ်ဆုံကျင်းထားတဲ့ရေကို နဲနဲချင်းထည့်ပေးပါ။
ကြက်သားအသားကျစ်လာတဲ့အထိလုံးပါ။
ကြက်သားအသားကျစ်လာရင် ဆုံကျင်းရေထည့် အသားနူးသည်အထိတည်ပါ။
အသားနူးရင် အရသာမြည်း ဟင်းအရည်ကို ကိုယ်ကြိုက်နှစ်သက်သလောက်ထားပါ။
အရည်လဲအနေတော် အရသာလဲ အနေတော်ရင် စပါးလင်တစ်ပင်ကို ထုံးချည်ပြီးထည့်လိုက်ပါ။
ပြီးနောက် မီးပိတ်၍ ငရုတ်သီးစိမ်း ထည့်၊ ရှမ်းနံနံ ကို လက်နဲ့ခြွေထည့်ပါ။
ရပါပြီ အရသာ ချိုချဉ်ငံစပ်လေးနဲ့ စပါးလင်နံ့မွှေးမွှေး ကြက်သားမွန်ဟင်း လေးပါ။ ခံတွင်းပျက်သူတွေ ထမင်းစားမမြိန်သူတွေ စားကြည့်ပါ။ ဒီဟင်းတစ်ခွက်ထဲနဲ့တင် ထမင်းမြိန်သွားမှာ အသေအချာ။

image