5 w - Translate

ကိုယ် ဘယ်လောက်ပဲ ချစ်ပေးပေးပါ ။
မမြင်နိုင်တဲ့သူအတွက်
ချစ်ခြင်းမေတ္တာဆိုတာ ဆူးလိုပါပဲ ။

ကိုယ် ဘယ်လောက်ပဲ နားလည်ပေးပေးပါ ။
မခံစားနိုင်တဲ့သူအတွက်
နားလည်မှုတွေဟာ အနိုင်ယူမှု သပ်သပ်ပါ ။

ကိုယ် ဘယ်လောက်ပဲ သစ္စာရှိရှိပါ ။
တန်ဖိုးမထားသူအတွက်
သစ္စာရှိမှုဆိုတာ ရယ်စရာ သပ်သပ်ပါ ။

ချစ်‌ခြင်းမေတ္တာဆိုတာ
ပေးသူ ယူသူ ညီတူ မျှတူ ရှိနေမှသာ
နွေးထွေးလုံခြုံ ရပါတယ် ။

ကိုယ် ပေးနေပေမယ့် သူ မယူချင်တဲ့အခါ
နှစ်ယောက်လုံးမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်ပြီး
ချစ်ခြင်းမေတ္တာတွေ တန်ဖိုးမဲ့ရပါတယ် ။

ဒါကြောင့်…
မမီသော ပန်းများ မကမ်းသော လက်များကို
လွှတ်ချခြင်းအားဖြင့်
ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးမမဲ့ပါစေနဲ့ ။

#ပြည့်စုံလျှံ

image