5 w - Translate

ရည်းစားက အခုထားချင် အခုရပါတယ်။ ကိုယ့်ဖြစ်တည်မှုတိုင်းကို လက်ခံပေးနိုင်ပြီး အတည်ချစ်ပေးမယ့်သူပဲရှားတာ။

အစပိုင်းတင်နွေးထွေးတာမဟုတ်ဘဲ အချိန်ဘယ်လောက်ကြာကြာ မပြောင်းလဲတဲ့ သူပဲလိုချင်တာ။ ချစ်ရင်မြဲချင်တယ်။ အဆုံးထိသွားချင်တယ်။ တစ်ယောက်တည်းကို အကြာကြီးချစ်ချင်တယ်။

အခုချစ် အခုပ"စ်နဲ့ တစ်စုံတစ်ယောက်ကို အစကနေပြန်လေ့လာပြီး ခဏခဏချစ်ရမှာ ပင်ပန်းတယ်။

ကိုယ်တိုင်က အားနည်းချက်တွေနဲ့မို့ သဘောကျတယ် ဆိုတိုင်း ဇွတ်မတိုးရဲသလို ကိုယ့်အားနည်းချက်ကို လက်မခံပေးနိုင်သူကိုလည်း ကပ်တွယ်နေမယ့်ထဲမှာ ပါမနေဘူး။

အဲ့တော့ ကိုယ်နဲ့အဆင်ပြေမယ့်သူနဲ့ မဆုံသေးသ၍တော့ တစ်ယောက်တည်းနေတာကပဲ ပိုကောင်းပါတယ်ပေါ့ . . . ♡︎

#ပြည့်စုံလျှံ

image