ကိုယ့်ခေါင်းသေးသေးလေးထဲ
လူအများကြီးအကြောင်းကို
ပြွတ်သိပ်ထည့်ထားသရွေ့
မင်းဦးနှောက်ဟာ အဲ့ဒီလူတွေအကြောင်းကြောင့်ပဲ
လေးလံနေရမှာပဲ ။
ကြာတော့ အဲ့ဒီ လူတွေအကြောင်းကြောင့်
မင်းကိုယ်မင်းမေ့လာတယ်
မင်းလုပ်ရမယ့် ကိစ္စလေးတွေကျကျန်လာတယ်
မင်းဖြစ်ချင်တဲ့ အိပ်မက်တွေပါ
တဖြည်းဖြည်း မှေးမှိန်သွားတယ် ။
မလိုအပ်တဲ့လူတွေအကြောင်းကို
ခေါင်းထဲထည့်ထည့်ထားရင်
ဘယ်နေရာသွားသွား အတွေးတွေဟာ
မလတ်ဆတ်နေဘူး ။
အမြဲလေးလေးလံလံနဲ့ပဲ
မင်း ဖြတ်သန်းရလိမ့်မယ် ။
#luah(AungKhinSitt)
80pm
#လူအများအကြောင်းခေါင်းထဲထည့်မထားနဲ့