“ တွယ်ငြိရာသာ ဆုံးရှုံးရာ ” တဲ့...
ဒီစကားကို ကြားမိတည်းက
အတွေးထဲမှာ အရာအားလုံးဟာ
ဝေးဝါးသွားခဲ့တယ် ။
ကိုယ် ပိုင်ဆိုင်နိုင်မယ့် အရာနည်းနည်းလေးဖြစ်ဖြစ်
ကြိုးစား ရှာကြည့်ခဲ့ပေမယ့်
အဆုံးမှာ ကိုယ့်ကိုယ်ကိုယ်တောင်
မပိုင်ဆိုင်နိုင်တဲ့ နေ့ရက်တွေပါပဲ ။
ဒါကြောင့်ပဲ အရာအားလုံးကို
လက်လွှတ်ခဲ့တယ် ။
ဘယ်အရာမှ ထာဝရ မပိုင်ဆိုင်ရမယ့် အရာတွေအတွက်
အမုန်းတရားတွေ သိပ်များကြတယ် ။
ငွေကြေးဥစ္စာအတွက်နဲ့
ချစ်ခြင်းမေတ္တာတွေကို လဲလှယ်ပစ်ကြတယ် ။
ဒီလိုနဲ့ပဲ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ဟာ
ကျဉ်းမြောင်းလာခဲ့တယ် ။
လူဝင်မဆံ့ဘူးလို့ ပြောကြတဲ့သူတွေရှိပေမယ့်လည်း
လူတစ်ယောက်ကို တွေ့တိုင်း
မျက်နှာဖုံး တစ်ခါလဲဖို့ရာ
ကိုယ့်မှာ မျက်နှာဖုံး အပိုတွေ မရှိခဲ့....
မချစ် မနှစ်သက်တဲ့သူရှေ့
ဟန်ဆောင်ပြုံးပြဖို့ရာလည်း ကိုယ့်မှာ
အချိန်တွေ ဟန်ဆောင်အပြုံးတွေ ရှိမနေခဲ့...
#ကဗျာ_poem