5 w - Translate

Ballon d’Or ဆုဟာယုံကြည်ရမူပျောက်ဆုံးနေပြီဖြစ်ကြောင်း
ပြောလိုက်တဲ့ ခရစ္စတိယာနိုရော်နယ်ဒို

ဗုဒ္ဓဟူးနေ့ညတုန်းက France Football ကနေ ၂၀၂၄ ခုနှစ်
အတွက် Ballon d’Or ဆုချီးမြှင်ဖို့ရန် ဆန်ကာတင်အယောက်
(၃၀)ရဲ့ နာမည်စာရင်းကို အမည်တင််သွင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း Ballon d’Or (၅)ကြိမ်
ဆုရှင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်နာ
ဆာအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် စုစုပေါင်း(၄၄)ဂိုး
သွင်းပေးနိုင်ခဲ့သော်လည်း အမည််စာရင်းတင်သွင်းခြင်းခံရတဲ့
စာရင်းထဲမှာ ပါဝင်မလာခဲ့ပါဘူး။ ရော်နယ်ဒိုရဲ့ ခေတ်ပြိုင်
ကစားသမား Ballon d’Or (၈)ကြိမ်ဆုရှင်လီယွန်နယ်မက်ဆီ
ဟာလည်း ၂၀၂၄ ခုနှစ်ရဲ့ ဆန်ကာတင်စာရင်းထဲကနေချန်လှပ်
ခြင်း ခံခဲ့ရပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Ballon d’Or
ဆုပေးပွဲမှာ အမြဲတမ်းဆန်ကာတင်စာရင်းထဲမှာ ပါဝင်လာ
ခဲ့ကြတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့
နှစ်ဦးဟာ ၂၀၂၄ ခုနှစ်ကနေစတင်ပြီး နှစ်ယောက်စလုံး
ဆန်ကာတင်စာရင်းထဲမှာမပါဝင်လာခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်လာ
ခဲ့ပါတယ်။ ဒါနဲ့ပက်သက််ပြီး ရော်နယ်ဒိုက “ဒီဆုဟာ မက်ဆီ၊
ဟာလန်း၊ အမ်ဘတ်ပီတို့နဲ့ထိုက်တန်တယ်လို့ပြောနေတာ
မဟုတ်ပါဘူး။ ဒါပေမယ့် ကိန်းဂဏန်းတွေက အဲဒီတွေမှာရှိ
ခဲ့ပြီး ကိန်းဂဏန်းတွေကမလှည့်စားပါဘူး။ ခင်ဗျားအနေနဲ့
တစ်ရာသီလုံးအတွက် စဉ်းစားရပါမယ်။ ကိန်းဂဏန်းတွေ
က အချက်အလက်တွေဖြစ်တယ်။ မန်ချက်စတာယူနိုက်တက်
နှင့် နိုင်ငံအသင်းမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို
ပြန်ကြည့်ရင် လူတွေက ကျွန်တော်ရှူံးတယ်လို့ ထင်နေကြ
ပေမယ့် အမှန်တရားကတော့ အယ်နာဆာအသင်းမှာ
ကျွန်တော်အာရုံစိုက်ပြီး ကောင်းမွန်တဲ့ အချိန်ကာလတစ်ခု
ကိုပိုင်ဆိုင်ထားနိုင်ခဲ့ကာ (၅၄)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
ကျွန်တော့် ခန္ဓာကိုယ်က အဆင်ပြေနေသ၍ ကျွန်တော်ဆက်
ကစားနေအုန််းမှာပါ။ အခုအချိန်မှာ ကျွန်တော်ခံစားချက်
ကောင်းပြီး ပျော်ရွှင်နေပါတယ်” လို့ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက Ballon d’Or ဆုနဲ့ပက်သက်ပြီး
ရော်နယ်ဒိုက ဒီဆုဟာ ယုံကြည််ရမူပျောက်ဆုံးနေပြီဖြစ်
ကြောင်း ပြောခဲ့ပါသေးတယ်။

image