5 w - Translate

မြိုသိပ်ရတာတွေများလာတော့
မွန်းကြပ်မှုတွေ ပိုတိုးလာတာပဲအဖတ်
တင်တယ် ။

အဆင်မပြေမှုတွေမျာလာတော့
လောင်ပြုံးလေး ပြုံးတတ်လာတယ် ။

တစ်ခါတလေ ငိုချင်ရဲ့နဲ့
ကျမလာတဲ့ မျက်ရည် တွေဟာ ပိုပြီး
ရင်နာဖို့ကောင်းတယ် ။

အဆင်မပြေမှုတွေများလာတဲ့အခါ
ဘာကိုမှ တွေးမနေချင်တော့ဘူး အကုန်လုံးကို
လွှတ်ချ ချင်လာတယ် ။

ကြိုးစားသလောက်ဖြစ်မလာတဲ့အခါ
ဖြစ်လာတဲ့အရာကိုလည်း မလိုချင်တော့ဘူး ။

အဆင်ပြေသွားမှာပါလို့
ကိုယ့်ကိုယ်ကိုယ် အားတင်းထားပေမယ့်လည်း
အရာရာတိုင်းဟာ ထင်ထားသာထက် ပိုပြီး
ခက်ခဲသွားတယ် ။

လူ အများပြောတဲ့
ဘဝဆိုတဲ့ ပြေးလမ်းပေါ်မှာ ပြေးတစ်ခါ
နားတစ်လှည့် ပန်းတိုင်ဆိုတဲ့ နေရာရော
ကိုယ့်အတွက် ရှိပါသေးရဲ့လား ။

#ဧပရယ်မိုးသူ { Age }

image