5 w - Translate

စကားတွေဟာ မတော်တဆ ပြောမိလိုက်တာမျိုး
မရှိဘူး …
သူ့စိတ်ထဲမှာ အမြဲရှိနေတဲ့ အစိုင်ခဲတစ်ခုကို
ပြဿနာနဲ့ရောပြီး ဖွင့်ချမိလိုက်တာပဲ ရှိတယ် ။

ဒါကို မတော်တဆ ပြောမိတာပါလို့ တောင်းပန်လည်း
ကြားလိုက်ရတဲ့သူဘက်ကတော့ စိတ်ထိခိုက်သွားရမှာ
အမှန်ပဲ ။

သူက ငါ့ကို အမြဲ အဲ့ဒီလို ထင်နေခဲ့တာလား
အမြဲတမ်း အဲ့ဒီ့စိတ်နဲ့ ငါ့ကို ပတ်သက်နေခဲ့တာပေါ့
ဆိုတဲ့ အသိက ဖျောက်မရတော့ဘူး ။

စကားတွေဟာ မတော်တဆ မဟုတ်ဘူး … ဆိုတဲ့
အဓိပ္ပာယ်ကို ပိုသိလာလေ ပိုနာကျင်ရလေပဲ ။

ဘယ်လောက်ချစ်ချစ် / ခင်ခင်
စကားတစ်ခွန်းကြောင့် ကမ္ဘာတွေခြားအောင်
ဝေးသွားကြရတယ်ဆိုတာ တကယ်ရှိတယ် …. ။

crd