5 w - Translate

ပျော်အောင်ပဲ နေခဲ့ပါတယ်
```````````````````````````````````

ဒီခုနှစ်တွေဟာ
ဘဝမှာ အခါးသီးဆုံးလို့တောင်
ဆိုလို့ရတဲ့ ခုနှစ်တွေပါ
မပျော်ရွှင်စရာတွေချည်းပဲ
များစွာ ကြုံတွေ့ခဲ့ရတယ်

ဒါတွေဟာ ခဏပါ
တစ်နေ့တော့အဆင်ပြေသွားမှာပါလို့
ကိုယ့်စိတ်ကိုယ် နှစ်သိမ့်ရင်းနဲ့
ကြိတ်မှိတ်ပြီး ဖြတ်သန်းခဲ့တာလည်း
ဒီယနေ့ထိဆို ရက်စွဲပေါင်း တော်တော်ကြာခဲ့ပေါ့

ခံနိုင်ရည်ရှိလို့ မဟုတ်ပေမဲ့
ခံနိုင်ရည်ရှိအောင် နေခဲ့ရတယ်
ပျော်နေတာ မဟုတ်ပေမဲ့
ပျော်အောင်ပဲ နေခဲ့ရတယ်
ဘာပဲဖြစ်ဖြစ် ပြိုလဲလို့မဖြစ်သေးဘူးဆိုတဲ့
စိတ်တွေနဲ့ပဲ ရှေ့ဆက်ပြီးရှင်သန်ခဲ့ရတယ်

ဖြစ်နိုင်ရင်
ဟိုးတုန်းကနေ့ရက်တွေကို ပြန်သွားချင်တယ်
နောက်ပြီး တန်ဖိုးထားချင်တယ်
အရင်က ကိုယ့်အနားမှာ တရင်းတနှီးရှိခဲ့ကြတဲ့
သူငယ်ချင်းတွေနဲ့လည်း ပြန်ပြီးဆုံဆည်းချင်တယ်

တကယ်ပါ ဒီနှစ်တွေဟာ
ဘဝမှမကြုံစဖူး ကြုံခဲ့ရတဲ့
အမွန်းကြပ်ဆုံး နေ့ရက်တွေပါ
ဝန်ခံရရင် အဝေးဆုံးကို ထွက်ပြေးသွားချင်တာ
ဒါပေမဲ့
အရှုံးပေးလို့မဖြစ်ဘူးဆိုတဲ့ စိတ်တွေနဲ့ပဲ
ကိုယ့်ဘဝကိုယ် ပျော်အောင်ပဲ နေခဲ့ပါတယ် !!

#ပုရစ်.credit

image