5 w - Translate

သူ့ကို ခေါ်ယူတုန်းက ပေးခဲ့ရတာ ယူရို ၅ သန်းတည်းပါ။ အသင်းမှာ နည်းပြကစားခိုင်းတဲ့နေရာ ကစားပေးလိုက်တာပဲ။ စောဒကမတက်ဘူး။ ကွင်းလယ်ခံစစ်၊ ညာတောင်ပံ၊ ကွင်းလယ်လူ၊ ကွင်းလယ်တိုက်စစ်ဆိုပြီး နေရာစုံကို ကစားပေးနိုင်တယ်။ တကယ့်ဂျိုကာပါ။

ဘတ်ပီရဲ့ လာလီဂါပထမဆုံးဂိုးအတွက်လည်း သူဖန်တီးပေးခဲ့ပုံကလည်း လှပလွန်းပါတယ်။ နောက်ပေါက်နဲ့ ဖန်တီးပေးခဲ့တာဖြစ်ပြီး တကယ်ကောင်းလွန်းတဲ့ ဖန်တီးမှုပါလို့ ဘတ်ပီကတောင် ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဗယ်လ်ဗာဒီက ခရူးစ်ရဲ့ နံပါတ် ၈ ကို ဆက်ခံခွင့်ရခဲ့တယ်။ အခု ပိုပြီးတော့ ခြေစွမ်းပြလာပါပြီ။ ဒီရာသီအစောပိုင်းမှာတင် သူ့ဆီကနေ သွင်းဂိုး၊ ဖန်တီးမှုတွေမြင်နေရပြီးပြီ။ underrated ကစားသမားစစ်စစ်ပါပဲ။ တခုတည်းကို ကျွမ်းကျင်နေတာမျိုးမရှိဘူး။ ဒါပေမယ့် အကုန်လုံးကို ကစားတတ်တယ်။ ထူးရှယ်ကစားသမားပါပဲ။

image