5 w - Translate

စာသင်ရင်း ညီမလေးကိုပါ ထိန်းနိုင်တဲ့အတွက် လူမှုကွန်ယက်မှာ ချီးကျူးခံနေရတဲ့ ၁၀ နှစ် သမီးလေး

ထိုင်းနိုင်ငံက အသက် ၁၀ နှစ်အရွယ် ကောင်မလေးဟာ ကျောင်းသူတာဝန်ရော အစ်မတာဝန်ရောပါ ကျေပွန်အောင် လုပ်ဆောင်ခဲ့တဲ့အတွက် လူမှုကွန်ယက်မှာ လူပြောများခဲ့ပါတယ်။ အခုလအစောပိုင်းက ဆရာမတစ်ဦးဟာ ၁၈ စက္ကန့်ရှိတဲ့ အဲ့ဒီကျောင်းသူလေးရဲ့ဗီဒီယိုကို တင်ခဲ့ပြီးတဲ့နောက် လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့တာပါ။

အဲ့ဒီဗီဒီယိုမှာ နာမည်ပြောင် ဂရင်းလို့ သိရတဲ့ အဲ့ဒီကျောင်းသူလေးကို အခြားအတန်းဖော်တွေနဲ့ ကျောင်းစာရေးရင်း လက်တစ်ဖက်နဲ့ ၁ နှစ်အရွယ် ညီမလေးကိုလည်း ထိန်းနေတာတွေ့ရပါတယ်။
ဂရင်းက မိသားစုထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့မိခင်ဖြစ်သူ အလုပ်လုပ်နေရတဲ့အချိန် သူ့ညီမလေးကို ထိန်းဖို့ တာဝန်ပေးထားတယ်လို့ ဗီဒီယိုတင်တဲ့ ဆရာမက ဆိုထားပါတယ်။ ဗီဒီယို Caption မှာ "အခြားဆရာ/ဆရာမတွေ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရမလဲ မသိဘူး။ ဒါပေမဲ့ ဘာကိစ္စပဲရှိရှိ အတန်းမပျက်ဖို့ ကျွန်မရဲ့တပည့်တွေကို အမြဲပြောဖြစ်ပါတယ်"တဲ့။

ညီမလေးကို ထိန်းရင်း သင်ခန်းစာတွေကို အာရုံစိုက်နိုင်စွမ်းရှိတဲ့ ဂရင်းကို လူမှုကွန်ယက်အသုံးပြုသူတွေကလည်း ချီးကျူးနေကြပါတယ်။ ဂရင်းက ထိုင်းနိုင်ငံအလယ်ပိုင်းရှိ Prachin Buri မှာ ရှိတဲ့ Ban Klong Kaem Cham School မှာ တက်ရောက်နေတာပါ။

Ref: 10-Year-Old Thai Student Praised For Feeding Baby Sister While Attending Class

image