5 w - Translate

ဘယ်သူက စပြီး တောင်းပန်စကားပြောပြော
ပြဿနာပြီးသွားဖို့က အဓိကပဲ၊
ဘယ်သူက စချော့ချော့
အဆုံးမှာ ရယ်နေနိုင်ကြဖို့ပဲလိုတာ။

ဘယ်သူ့ဘက်က စမှားမှား
ခွင့်လွှတ်နိုင်သေးရင် အဆင်ပြေနိုင်ကြတာပဲ၊
ဘယ်သူ့ဘက်က လျှော့ပေးပေး
လက်မလွှတ်ကြသ၍ ရှေ့ဆက်လို့ရနိုင်တာပဲ။

ချစ်တဲ့သူဟာ အထိအခိုက် မခံဘူး
အနာတရတွေ မပေးဘူးဆိုတာယုံ
ပျော်အောင်ထားချင်တာက ချစ်တဲ့သူတိုင်းရဲ့ဆန္ဒပဲ
လူတစ်ယောက်ဆီမှာ အရေးပါဖို့က
သူ့ဘဝထဲ မင်းကိုအမြဲ လိုအပ်သွားနေဖို့ပဲလိုတာ။

#2001
//crd

image