5 w - Translate

အများကြီးသဘောကျဖူးသူတစ်ယောက်ကို ဘာလို့အရင်လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ဖူးလဲမေးရင် သူနဲ့ကိုယ်ထားတဲ့ value ချင်းမတူလို့, လို့ပဲ ဖြေရမယ်။

ဒီ value ဆိုတဲ့ စကားကို လွန်ခဲ့တဲ့ရက်ပိုင်းက ကြားဖူးပြီး တော်တော်သဘောကျခဲ့တာ။ ကိုယ့်အတွက်က ချစ်ခြင်းတရားဟာ value တစ်ခုဖြစ်နေပြီ၊ အခြားတစ်စုံတစ်ယောက်အတွက်က အလုပ်အကိုင်နဲ့ ဘဝရှေ့ရေးက value တစ်ခုဖြစ်နေခဲ့သလိုမျိုးပေါ့။

ဂရုစိုက်ခံချင်၊ အလေးအနက်ထားခံချင်တဲ့ လူတစ်ယောက်နဲ့ ချစ်ခြင်းကို အခြားဘာသာစကားတစ်ခုနဲ့ပြောတတ်တဲ့ လူတစ်ယောက်၊ မေတ္တာတရားမှာ ဖွင့်ဆိုချက်မတူတဲ့ လူနှစ်ယောက်။

မိုးပျံပူဖောင်းလေးတစ်လုံးကိုမှ ကြံကြံဖန်ဖန် ပူဆာတတ်တဲ့ အမျိုးသမီးရယ်။ မိုးပျံပူဖောင်းလေးဖြစ်လို့ မဝယ်ပေးချင်တဲ့ ယောကျ်ားတစ်ယောက်ရယ်။ ဒီမိုးပျံပူဖောင်းလေးတစ်လုံးထဲကိုမှ ရှုမြင်ကြတဲ့ မတူညီတဲ့ အမြင်တွေရယ်။

အမျိုးသမီးဟာ အဲ့ထက်ပိုမြင်ခဲ့တာ ဖြစ်ပြီး၊
အမျိုးသားကတော့ မိုးပျံပူဖောင်းလေးတစ်လုံးလို့သာ မြင်ခဲ့တဲ့အခါ၊
ဒီလူနှစ်ယောက်က သေချာပေါက် ဝေးမှဖြစ်ပါလိမ့်မယ်။

တစ်ယောက်ယောက်ရဲ့ အမှားကြောင့်မဟုတ်ဘဲ
သူတို့ထားကြတဲ့ value ချင်းမတူသလို၊
သူတို့ပြောတတ်တဲ့ ချစ်ခြင်းဘာသာစကားချင်းလည်း မတူတာကြောင့်ပါပဲ။

#2001

image