5 w - Translate

ကမ္ဘာက ပိုပိုကျယ်လာသမျှ ကိုယ်တို့ချင်းပိုပို
ဝေးမသွားစေချင်ဘူး

အတူတူ မက်ခွင့်ရမယ်ဆို အိမ်မက်တွေအများကြီး
ပုံဖော်ထားမယ်
စိတ်ချင်း အနီးဆုံးချည်ထားမယ်

ညတွေထဲက မှိန်ဖျော့ဖျော့ကြယ်ရောင်တွေလို
ချစ်ခြင်းမေတ္တာကို မင်းဆီမှာထားမယ်
ဘဝတစ်ခုလုံး စွဲနေတဲ့ မှတ်ဉာဏ်ထဲ
မျက်ဝန်းသဲ့သဲ့နဲ့ ရယ်သံတွေဟာ အချိုဆုံးပဲ

ပန်းပွင့်လေးလိုမျိုး အိတ်ကတ်ထဲထည့်သိမ်းသွားပေး
မနက်ခင်းနေရောင်တွေလို အတူရှိနေပေး
တစ်ယောက်ဟာ တစ်ယောက်အိမ်လို
အနီးဆုံးနေရာ ဖြစ်နေပေးဖို့

ကိုယ်တို့ကြား နှောင်ဖွဲ့ထားချင်တယ်။

#ဇူခီ

image