5 w - Translate

အာဆင်နယ်ကစားသမားသစ် စတာလင် ကျောနံပါတ် ၃၀ ဝတ်ဆင်ကစားမည်

အာဆင်နယ်ကစားသမားသစ် ရာဟင်းစတာလင်ဟာ ကျောနံပါတ် ၃၀ ဂျာစီကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းမှာ ကျောနံပါတ် ၇ ဂျာစီဝတ်ဆင်ခဲ့သူ စတာလင်ဟာ အာဆင်နယ်မှာ ကျောနံပါတ် ၁၀ နဲ့ ၁၄ ဂျာစီတွေ လစ်လပ်နေပေမဲ့ ကျောနံပါတ် ၃၀ ကို ရွေးချယ်ခဲ့တာပါ။

ကျောနံပါတ် ၃၀ ဟာ ဂိုးသမားမက်တာနာနဲ့ တိုက်စစ်မှူး အန်ကတ်တီယာတို့ နောက်ဆုံး ဝတ်ဆင် ကစားခဲ့တာပါ။

စတာလင်ဟာ အာဆင်နယ်နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ စတင် ပူးပေါင်းနိုင်ခြင်း မရှိဘဲ နိုင်ငံတကာပွဲစဉ်တွေအပြီးမှသာ အသင်းလူစာရင်းမှာပါဝင်လာမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ စက်တင်ဘာ ၁၅ ရက်မှာ စပါးအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး စတာလင်အတွက် အာဆင်နယ်ကစားသမားဘ၀ ပွဲဦးထွက်ပွဲစဉ်ဖြစ်လာနိုင် ပါတယ်။

image