အဖေနဲ့ အမေကို အားနာတယ်။

အရွယ်တစ်ခုရောက်လာပေမယ့် မိဘနှစ်ပါးကို
ကောင်းကောင်းကျေးဇူးမဆပ်နိုင်သေးဘူး။

မိဘအရိပ်အောက်မှာခိုလှုံရင်းသာ
အသက်တွေတဖြည်းဖြည်း ကြီးလာခဲ့တယ်။

ကိုယ်နဲ့ရွယ်တူတွေ နိုင်ငံရပ်ခြားထွက်ပြီး
မိဘတွေဆီ ပိုက်ဆံတွေပို့တဲ့အခါ
ကိုယ့်မိဘနှစ်ပါးမှာ တကယ်မျက်နှာငယ်ရတယ်။

"ငါ့သားကဘယ်လောက်လွှဲလိုက်တာ ငါ့သမီးကဘယ်လောက်လွှဲလိုက်တာ "လို့  မိဘနှစ်ပါးမှာ ဂုဏ်ယူစွာပြောခွင့်မရခဲ့ဘူး။

ကိုယ်က ဘာမျှရေရေရာရာမလုပ်နိုင်သေးလည်း
အဖေနဲ့အမေက ဘာမျှအပြစ်မပြောရှာဘူး
မငြိုမငြင်နဲ့ ခုထိလုပ်ကျွေးနေတုန်း
ကိုယ်တစ်ခုခုလိုအပ်လာတဲ့အခါ ထောက်ပံ့ ပေးနေတုန်းပဲ

အဖေနဲ့အမေက အရမ်းပင်ပန်းရတယ်။
ကိုယ့်မှာ တတ်နိုင်သလောက် ကူညီပေးရုံကလွဲရင်
အဖေနဲ့အမေ ထိုင်စားနိုင်လောက်သည်အထိ
အထောက်အပံ့မျိုးလည်း မပေးနိုင်ပြန်ဘူး
အဲဒါကြောင့် အဖေနဲ့အမေဟာ ခုထိအလုပ်တွေလုပ်နေရတုန်းပဲ

မိဘနှစ်ပါး အသက်ရလာသည်နှင့်အမျှ
ကိုယ်အကြောက်ဆုံးအရာက
အဖေနဲ့အမေကို ထိရောက်စွာ ကျေးဇူးမဆပ်နိုင်ခင်
လောကကြီးက ထွက်သွားမှာကိုပဲ

ဒီလူသားလေးက ဂုဏ်ယူဝံ့ကြွားလောက်တဲ့လူတော်တစ်ယောက်မဖြစ်သေးလို့
တောင်းပန်ပါတယ် ။

အခုချိန်ထိ အများကြီး ဖေးမကူညီပေးပြီး ချစ်နေပေးလို့ ထာဝရကျေးဇူးတင်ပါတယ် ။
ချစ်တယ် အဖေနဲ့အမေ ။

#လင်းနန်
#crd

image