5 w - Translate

မန်ယူအသင်း၏ အဆိုးရွားဆုံးကစားသမားခေါ်ယူမှုများကို ပေါလ်စခိုး ထောက်ပြ

မန်ယူအသင်းရဲ့ အဆိုးရွားဆုံးကစားသမားခေါ်ယူမူတွေကို ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးက ရွေးချယ် သုံးသပ်သွားပါတယ်။

ပေါလ်စခိုးဟာ ယူနိုက်တက်မှာ ဆယ်စုနှစ် ၂ ခုကြာ ကစားခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် ၁၁ ကြိမ် အပါအဝင် ဆုဖလားများစွာ ရယူနိုင်ခဲ့သူပါ။

မန်ယူအသင်းရဲ့ ကစားသမားခေါ်ယူတွေထဲမှာ တိုက်စစ်မှူး ဟွမ်ဆီဘက်စ်တီယန်ဗာရွန်လို့ ပါဝင်ပြီး အကောင်းဆုံးကစားသမား တယောက်ဖြစ်ခဲ့ပေမဲ့ မန်ယူအသင်းမှာ အလုပ်မဖြစ်ခဲ့တာကို နားမလည်နိုင်ကြောင်း ပေါလ်စခိုးက ပြောပါတယ်။

ဒါ့အပြင် ရှမိုက်ကယ် နေရာအတွက် အစားထိုးချိန်မှာ ဂိုးသမားအခက်အခဲဖြစ်ခဲ့ကြောင်း၊ ပရော်ဖက်ရှင်နယ် ပီသမှုမရှိတဲ့ ဂိုးသမားမာ့ဘော့စ်နစ်ချ်က အဆိုးရွားဆုံးခေါ်ယူမှုဖြစ်ကြောင်း ပေါလ်စခိုးက ပြောပါတယ်။

တောင်ပံ ကစားသမားအန်တိုနီဟာလည်း ပေးရတဲ့ တန်ကြေးနဲ့ တွက်ကြည့်မယ်ဆိုရင် အဆိုးရွားဆုံး ခေါ်ယူမှုတွေထဲက တယောက် ဖြစ်ကြောင်း ပေါလ်စခိုးက ပြောသွားပါတယ်။

image