5 w - Translate

အရေးကြီးဆုံးက -

နံပါတ် (၁)
ကိုယ်ကျင့်တရား လုံခြုံအောင် ထိန်းသိမ်း

နံပါတ် (၂)
အမြင်၊ အကြားပေါ်မှာ
လောဘ၊ ဒေါသမဖြစ်အောင်
သတိနဲ့ စောင့်ရှောက်

(၃) အစားစားတဲ့အခါ ပညာနဲ့ စား။
ဘာအတွက်စားလဲ။
စားသင့်တယ်၊ မစားသင့်ဘူး။
အဲဒါ ပညာနဲ့ စား။

(၄) ပြီးရင် ကိုယ့်သန္တာန်မှာ
ဘာတွေဖြစ်နေတယ်ဆိုတာ
နေ့တိုင်း check လုပ်၊ check up လုပ်ပြီး
မကောင်းတဲ့စိတ်တွေဖြစ်ရင် ရှင်းထုတ်၊
ကောင်းတဲ့စိတ်ဖြစ်ရင် တိုးပွားအောင်မွေး။

ဒီ (၄) ခုဟာ စရဏတရား လေးပါးပဲ။
စရဏတရား (၁၅) ပါးရှိတဲ့အထဲ လုပ်ရမှာ
ဒီလေးခုပဲ လုပ်ရမှာ။ ဒီလေးခုလုပ်လို့ရှိရင်
သူတော်ကောင်းတရား (၇) ပါးနဲ့ ပြည့်စုံသွားမယ်။
သူတော်ကောင်းဥစ္စာ (၇) ပါးနဲ့ မတူဘူးနော်။

သမထကျင့်စဉ်ကျင့်မှ ဈာန်လေးပါးရမယ်။
ဒီလေးခုရယ်၊ သူတော်ကောင်းတရား (၇)ပါးရယ်၊
ဈာန်လေးပါးရယ် ပေါင်းတော့
စရဏတရား (၁၅) ပါး ဖြစ်တယ် မှတ်လား။

ရအောင် မှတ်ထား.. အဲဒါ။
သီ၊ အိမ်၊ ဘော၊ ဇာ ။
သီလ၊ ဣန္ဒြိယသံဝရ၊ ဘောဇနမတ္တညူ၊
ဇာဂရိယာနုယောဂ။
အတိုကောက်က သီ၊ ဣန္ဒြေ၊ ဘော၊ ဇာ။

အဲဒါ ဗုဒ္ဓဘာသာတွေမှန်သမျှ
အဲဒီအတိုင်းနေရမှာ။ အဲဒီအတိုင်းသွားရမှာ။
တတ်နိုင်သမျှ အဲလိုလုပ် ဒါပဲ..နော်..
ဘယ်သူ့မှ သွားမေးမနေနဲ့ ဒါပဲလုပ်။

ဒါဟာ ဘုရားဟောထားတဲ့ လမ်းစဉ်ပဲ။
ဟုတ်တယ် မှတ်လား။
ဘယ်သူလုပ်လုပ် ဒီလမ်းပဲ။
နိဗ္ဗာန်သွားချင်ရင် ဒီလမ်းကပဲသွား။
တကယ့် နိဗ္ဗာန်အစစ်ကိုသွားတာ ဒီလမ်းပဲရှိတယ်။

ဘယ်သူပဲသွားသွား၊
ဆရာလေးတွေ သွားချင်သလား၊
ဘုန်းကြီးတွေ သွားချင်သလား၊
လူတွေ သွားချင်သလား၊
ဘယ်သူသွားချင်သလဲ ဒီကပဲသွားရမှာ။
ဒီလမ်းပဲ ရှိတယ်။

အဲဒါ စရဏဆိုတာ
နိဗ္ဗာန်ရောက်ကြောင်းတရားလို့ ပြောတယ်။
အဲထဲမယ် နိဗ္ဗာန်ရောက်အောင်
မင်း ဆုတောင်းလို့ မပါဘူးနော်။ ဟုတ်လား။

ဆုတောင်းတာဟာ intention ပဲရမယ်။
ရည်ရွယ်ချက်ပဲ ရှိတယ်။
အဲတော့ လုပ်ရမှာက ဒီလေးခု လုပ်ရမယ်။
ဒီလေးခု လုပ်ရင်းက
သူတော်ကောင်းတရား (၇) ပါးနဲ့
ပြည့်စုံပါလိမ့်မယ် ဟုတ်တယ်မလား။

(၇) ပါးဆိုတော့ (၁၁) ပါးဖြစ်သွားပြီ.. နော်။
(၁၁) ပါးမှာ ရူပဈာန် (၄) ပါးထည့်လိုက်...
(၁၅)ပါး ဖြစ်သွားပြီ။ အဲဒါကို
စရဏတရား တစ်ဆယ့်ငါးပါးလို့ ခေါ်တယ်။

အဲဒါ ကိုယ့်သန္တာန်မှာရောက်ဖို့ အရေးကြီးဆုံးပဲ။
ဟိုဘုန်းကြီး သိက္ခာထပ်၊ ဒီဘုန်းကြီး သိက္ခာထပ်က
ဒီလောက် အရေးမကြီးဘူး.. နော်။
အဲအတွက် စိတ်မကူးနဲ့။ တရားပဲ အားထုတ်။

စရဏတရား(၁၅)ပါး

၁။ သီလကိုစောင့်ထိန်းခြင်း။
၂။ ဣန္ဒြေတို့၌ လုံခြုံအောင်ထိန်းသိမ်းခြင်း။
၃။ အစာစားရာ၌ အတိုင်းအရှည်သိခြင်း။
၄။ နိုးကြားထကြွမှုရှိခြင်း။

၅။ သဒ္ဓါရှိခြင်း။
၆။ မကောင်းမှုကို ပြုခြင်းမှ ရှက်ခြင်း။
၇။ မကောင်းမှုကို ပြုခြင်းမှ ကြောက်ခြင်း။
၈။ အကြားအမြင် ဗဟုသုတရှိခြင်း။
၉။ သတိ သတိပဋ္ဌာန်လေးပါးအပေါ်မှာ သတိရှိခြင်း
၁၀။ ဝီရိယ မရရင်မနေဘူးဆိုတဲ့ ဝီရိယရှိခြင်း
၁၁။ ပညာရှိခြင်း။

၁၂။ ရူပပထမဈာန်။
၁၃။ ရူပဒုတိယဈာန်။
၁၄။ ရူပတတိယဈာန်။
၁၅။ ရူပစတုတ္ထဈာန်။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး​
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏