ကိုယ့်အနာဂတ်ကောင်းဖို့အတွက် ပီပီပြင်ပြင် ပေးဆပ်ဖို့လိုတယ် ။

-သူများတွေ လျှောက်လည်နေတဲ့ အချိန် အလုပ်လုပ်ရတယ် ။

-သူများတွေ ပြဿနာကို မျက်နှာလွှဲထားတဲ့အချိန် ထိပ်တိုက်ရင်ဆိုင်ရတယ် ။

-သူများတွေ တွေဝေနေတဲ့အချိန် ဆုံးဖြတ်ချက်ချရတယ် ။

-သူများတွေ အချိန်ဆွဲနေတဲ့အချိန် ချက်ချင်းထလုပ်ရတယ် ။

-သူများတွေ အိပ်နေတဲ့ အချိန် ထရတယ် ၊ မအိပ်ဘဲ လုပ်ရတယ် ။

-သူများတွေ နားနေတဲ့ အချိန် မနားဘဲ ဆက်လုပ်ရတယ် ။

-သူများတွေ ဖြုန်းနေတဲ့ အချိန်မှာ စုရတယ် ၊ ရင်းနှီးမြုပ်နှံရတယ် ။

-သူများတွေ ဖုန်းကြည့် ၊ ကားကြည့် လုပ်နေတဲ့အချိန် စာအုပ်ဖတ်ရတယ် ၊ သင်ယူရတယ် ၊ လေ့လာရတယ် ။

ကိုယ့်အနာဂတ်ကောင်းဖို့အတွက် ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို ပေးဆပ်ရတယ် ။

လုပ်ချင်တာထက် လုပ်သင့်တာ ၊ ကိုယ်လိုချင်တဲ့ အနာဂတ်ရဖို့ လုပ်ရမှာကို ဦးစားပေးရတယ် ။

ကိုယ်လိုချင်တဲ့ အနာဂတ်ကို အချိန် ၊ စွမ်းအင် ၊ အသိပညာ‌တွေနဲ့ တည်ဆောက်တယ် ။

ဆောက်လုပ်နေတုန်းမှာ လူတချို့ ၊ ခံစားချက်တချို့ကို စွန့်လွှတ်ခဲ့ရတယ် ၊ ချန်ထားခဲ့ရတယ် ။

နောင်အနှစ် ၅၀ တာ ကောင်းဖို့ ၁၀နှစ်လောက် ပေးဆပ်ရတယ် ။
ဒါပေမယ့် အဲ ၁၀နှစ်ကို ပြန်ကြည့်ရင် နောင်တမရဘဲ
ကိုယ့်ကိုယ် ဂုဏ်ယူနေမှာ သေချာတယ် ။

ငါတကယ် ကြိုးစားခဲ့တာပဲ ၊ တကယ်တော်တာပဲ ၊ အကောင်းဆုံးလုပ်နိုင်ခဲ့တာပဲ လို့ တွေးမိမှာ သေချာတယ် ။

အဲအချိန်မှာ အဲလိုကြိုးစားခဲ့လို့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်နေလောက်တယ် ။

ကိုယ်ပေးဆပ်ခဲ့တာတွေထက် ပိုကောင်းတာတွေ ပြန်ရလိမ့်မယ် ။
ပေးဆပ်ရတာ တန်တယ်လို့လည်း တွေးမိမှာပါ ။

ပေးဆပ်ရုံတင်မက ဘယ်လို အသုံးချရမလဲ ဆိုတာ ပါသိရင် ပိုပြီး ကြီးထွားနိုင်တယ် ။

ကိုယ်လေ့လာထားတာတွေကို နေရာအလိုက် အသုံးချတတ်ဖို့ပါ ။

အဲတော့ သင်ရော ကိုယ့်အနာဂတ်ကောင်းဖို့အတွက် ဘာတွေပေးဆပ်မှာလဲ ၊ ကောင်းကောင်းရော အသုံးချတတ်ပြီလား ။

#crd

image