5 w - Translate

အယ်လ်ဗာရက်ဇ်နေရာအတွက် တိုက်စစ်မှူးမခေါ်နိုင်တာက စိုးရိမ်စရာဟု ဂွါဒီယိုလာပြော
တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်နေရာအတွက် တိုက်စစ်မှူးသစ်မခေါ်ယူနိုင်ခဲ့တာက စိုးရိမ်စရာဖြစ် တယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗရက်ဇ်ကို စပိန်ကလပ် အက်သလက်တီကိုအသင်းဆီ ရောင်းချခဲ့ပြီး တိုက်စစ်မှူးသစ် အစားထိုးခြင်းမရှိခဲ့တာပါ။

လက်ရှိအချိန်မှာ တိုက်စစ်မှူးဟာလန်းက ဂိုးတွေသွင်းယူနေပေမဲ့ ဒဏ်ရာ ပြဿနာတွေရှိလာချိန်မှာ အခက်ခဲဖြစ်လာနိုင်ကြောင်း၊ ဖိုဒမ်၊ ဘာနာဒိုဆေးလ်ဗား၊ ဂွမ်ဒိုဂမ်နဲ့ လူငယ် ကစားသမားတွေကတော့ အယ်ဗာရက်ဇ်နေရာမှာ အစားဝင်ရောက်ကစားနိုင်ကြောင်း နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

အယ်လ်ဗာရက်ဇ် အသင်းကနေ ထွက်ခွါလိမ့်မယ်လို့ မထင်ခဲ့တာကြောင့်လည်း လူစားဖြည့်တင်းဖို့ နောက်ကျခဲ့တာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

image