5 w - Translate

တွန်မီနေးကို ရောင်းထုတ်ခဲ့တာ မှားယွင်းဟု မန်ယူကစားသမားဟောင်း မာတစ် သုံးသပ်

မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား မက်တွန်မီနေးကို ရောင်းထုတ်ခဲ့တာ မှားယွင်းကြောင်း မန်ယူကစားသမားဟောင်း မာတစ်ကသုံးသပ်သွားပါတယ်။

ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှာ ကစားနေတဲ့ မာတစ်ဟာ မန်ယူအသင်းမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ကစားခဲ့သူပါ။

မန်ယူအသင်းဟာ အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမား တွန်မီနေးကို အီတလီကလပ် နာပိုလီ အသင်းထံ ပေါင် ၂၅ သန်းကျော်နဲ့ ရောင်းချခဲ့တာပါ။

တွန်မီနေးကို ရောင်းချခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တွန်မီနေလို ကစားသမားတယောက်ရဲ့ နေရာဟာ အစားထိုးဖို့ခက်ခဲကြောင်း၊ တွန်မီနေးကို ခေါ်ယူခဲ့တဲ့ နာပိုလီနည်းပြ ကွန်တီက ပါးနပ်တဲ့ နည်းပြဖြစ်တယ်လို့ မာတစ်က ပြောပါတယ်။

မာတစ်ဟာ တွန်မီနေးနဲ့ ၅ နှစ်ကြာ တွဲဖက်ကစားခဲ့သူပါ။ မန်ယူအသင်းဘက်ကတော့ တွန်မီနေး နေရာအတွက် ပီအက်စ်ဂျီကွင်းလယ်လူ အူဂါတီကို အစားထိုးဝယ်ယူအားဖြည့်ခဲ့ ပါတယ်။

DVB

image