လူတွေက နည်းပညာသမားဖြစ်ချင်ကြတယ်
ပိုက်ဆံရကြလို့ ထင်ပြီး ဖြစ်ချင်ကြသလို
ကွန်ပျူတာလေးနဲ့ အဲကွန်းခန်းလေးထဲ နေရတယ်ဆိုပြီး
ဖြစ်ချင်ကြတာလည်းရှိနိုင်သလို

နည်းပညာရဲ့အရေးပါပုံကို နားလည်ပြီး နည်းပညာအလုပ်အခွင့်အလမ်းတွေများပြားလာလို့ ဆိုပြီးဖြစ်ချင်ကြတာလည်း ရှိနိုင်ပါတယ်

အခုပြောချင်တဲ့ အကြောင်းအရာကတော့ မည်သည့်အကြောင်းကြောင်းကြောင့် ဖြစ်စေ နည်းပညာသမား ဖြစ်ချင်တဲ့သူတွေအနေနဲ့ ကျွန်တော့်ရဲ့လက်ကိုင်ထားတဲ့ အချက်လေး နှစ်ချက်ကို မျှဝေချင်ပါတယ်။

ကျွန်တော်တို့က တခုခုကိုလုပ်တော့မယ်ဆိုရင် အရေးကြီးတာက ဝါသနာအရင်းခံတာဖြစ်စေ ဒီအလုပ်တခုကို လုပ်လိုက်ရလို့ ပျော်နေရတာမျိုး ဖြစ်စေ ဖြစ်နေဖို့ လိုပါတယ်။​

အပွင့်လင်းဆုံးပြောရရင် ကျွန်တော်က နည်းပညာသမား ဖြစ်ချင်တဲ့ ဝါသနာပါခဲ့တဲ့သူတစ်ယောက်မဟုတ်ခဲ့ပါ။ သို့သော် ကျွန်တော့် ကွန်ပျူတာတွေနဲ့ စတင်ထိတွေ့စဥ်ကတည်းက ကွန်ပျူတာကိုင်နေရရင် ပျော်နေတယ် ကွန်ပျူတာ ကြည့်နေရရင် ပျော်နေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Passion ဆိုတဲ့အရာက ပေါက်ဖွားလာတယ်လို့ ယုံကြည်မိပါတယ်။​

နောက်တခုကတော့ Consistency ရှိခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့်
စဥ်ဆက် မပြတ်ဆိုတာမျိုးထက် အချိန်တခုသတ်မှတ်ပြီး လေ့လာခြင်းလို့ မြန်မာလို အဓိပ္မါယ် ဖွင့်ဆိုချင်ပါတယ်။

ဥပမာ ပြောရရင် ဒီတပတ်မှာ နည်းပညာနဲ့ပတ်သတ်ပြီး စာဘယ်နှခုဖတ်ဖြစ်လည်း code ရေးဖြစ်တယ်ဆိုရင်လည်း ဘယ်လိုမျိုးတွေရေးဖြစ်လည်း hackerrank မှာ ပုဒ်စာ ဘယ်နှခုဖြေရှင်းဖြစ်လည်း ဒီလိုပဲ​ Cloud/DevOps သမားတွေ အတွက်ဆိုရင်လည်း Lab ဘယ်နှခုလုပ်ဖြစ်လည်း စသည်ဖြင့် ကိုယ်တိုင် မေးခွန်းထုတ်ပြီး အဖြေရှာကြည့်သင့်ပါတယ်။

ကျွန်တော့်အနေဖြင့် တပတ်ကို နည်းပညာ နဲ့ ပတ်သတ်တဲ့ ဆောင်းပါး၊ သတင်း (၂) ပုဒ်လောက်ဖတ်ဖြစ်အောင် ကြိုးစားသလို၊ lab ဖြစ်စေ အလုပ်တခုခုဖြစ်စေ ပြီးအောင် အနည်းဆုံး လုပ်ဖြစ်ပါတယ်။

ကျွန်တော်တို့ အချိန်တခုပေးပြီးတော့သာ ဒီအတိုင်းသေချာ ပလန်လေးချပြီး လေ့လာခဲ့ရင် ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ်ဆိုတာ အသေချာပါပါ။

ဒါကြောင့်မို့ ကျွန်တော့်ရဲ့ လက်သုံးစကားကတော့
Passion + Consistency = Success ဖြစ်ပါတယ်။​

KT
#crd

image