5 w - Translate

ဆေးလိပ်သောက်တာ မကြိုက်ပေမဲ့
မင်းက ကိုယ့်ရှေ့တင် အကြောတင်းတင်း
မီးညှိပြတော့လဲ ခပ်ရွဲ့ရွဲ့ ထိုင်ငေးနေရတာပဲ။

ယမကာတွေလဲ မလုပ်စေချင်ပေမဲ့
အလွန်အကျွံတွေ မဖြစ်စေချင်တော့လဲ
မလှမ်းမကမ်းက စောင့်ကြည့်မိပြန်တာပဲ။

ရာနှုန်းပြည့်တားမြစ်တယ်ဆိုပေမဲ့ ပြန်လည်
အလျှော့ပေးမှုဟာ ထက်ဝက်ကျော်ပါတယ်။
ဘယ်အရာမဆိုမလုပ်ချင်တာကိုဖိအားပေးဖို့
စိတ်ကူးမရှိဘူး။

ခြောက်မရ ရင် ချော့မယ်ကွယ်။
သူများအခွင့်အရေးကို အထက်စီးက
သွားပိတ်ပင်လို့ မရမှန်းလဲသိတယ်။

ချစ်တဲ့စိတ်ကြောင့် အနည်းငယ်နားထောင်ရုံနဲ့လဲ
ကိုယ်ကျေးဇူးတင်ရပါတယ်။

တခါတလေမှာတော့ ကိုယ်က အားလုံးနီးပါး
ပြန်လျှော့ပါ့မယ်။

စီးကရက်မီးညှိပေးမယ်။ဘီယာလဲ သောက်နိုင်တယ်။
ကိုယ့်မျက်စိရှေ့မှာ ပဲ ဖြစ်စေချင်တယ်။

စီးကရက်နံ့တွေလဲ ကိုယ်ပဲရချင်တယ်။
မူးပြီးပြောတဲ့စကားတွေလဲ ကိုယ်ပဲ ကြားချင်တယ်။

အကုသိုလ်တွေကြားက ကုသိုလ်တရားတွေလဲ
ဖန်တီးပေးမယ်။

ချစ်လို့ဆိုတာပဲ မင်းသိပါကွယ်။

#hsulubeaindray

💭 || 1.9.2024

image