5 w - Translate

ချစ်တာလား၊ မချစ်တာလားဆိုတဲ့ ခံစားချက်မျိုး ခံစားဖူးလား။ နွေးထွေးမှုပေးတဲ့ အချိန်မှာ ချစ်တယ်လို့ ထင်ရပေမယ့်၊ ပစ်ထားတတ်တဲ့ အချိန်မျိုးတွေကျ မချစ်လို့လားဆိုတဲ့ တွေဝေနေရတဲ့ ခံစားချက်မျိုး ခံစားဖူးလား။

ကိုယ့်ဘက်က ချစ်တာ သေချာသလောက်ဖြစ်ပေမယ့် တစ်ဖက်က ကိုယ့်ကို ချစ်တယ်ဆိုတာ မသေချာမရေရာတဲ့ ခံစားမှုမျိုးကျ အတော်လေး ဝမ်းနည်းစရာကောင်းတယ်။

သူ့ဘက်က ကိုယ့်ကိုချစ်တယ်ဆိုတာ ကိုယ်မရှိလည်း ဖြစ်တယ်ဆိုတာမျိုး၊ ကိုယ်ဖုန်းမဆက်လည်း နေနိုင်တယ်ဆိုတာမျိုး။ ဒါက ကိုယ့်ကို ချစ်တာလား၊ မချစ်တာလားဆိုတဲ့ အတွေးမျိုးတွေ တွေးစေတယ်။

မချစ်ဘူးဆိုတာထက် ချစ်တာလား၊ မချစ်တာလားဆိုပြီး တွေဝေနေရတဲ့ ခံစားမှုမျိုးက ဘယ်လောက်ထိများ နာကျင်စရာကောင်းလိုက်သလဲ။

#jittuu

image