5 w - Translate

ကူညီတာများရင် ဝတ္တရားဖြစ်တတ်တယ်တဲ့။
ဒီစကားက အလကားမဟုတ်ဘူး။

တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ကို
တစ်ခါ နှစ်ခါကူညီကြည့်၊ ကျေးဇူးတင်လိမ့်မယ်။

သုံးလေးခါထက်ပိုသွားရင်
ဝတ္တရားတစ်ခုလို ဖြစ်လာလိမ့်မယ်။

မကူညီနိုင်တဲ့အခါ
ရှေ့က ကူညီခဲ့တာတွေပါ လုံးဝ မေ့သွားလိမ့်မယ်။

လောကမှာ
ဘယ်သူကမှ ဘယ်သူ့ကိုလုပ်ပေးရမယ်လို့
တာဝန်မရှိဘူးနော်။
ကူညီတယ်ဆိုတာ ဝတ္တရားမဟုတ်ဘူး။

ငွေကြေးကူညီခဲ့ဖူးတာ၊ လုပ်အားကူညီခဲ့ဖူးတာ
အချိန်အားဖြင့်၊ လူအားဖြင့်၊ စိတ်ခွန်အားစသဖြင့်
ကူညီခံခဲ့ရဖူးရင်
မမေ့တတ်ခြင်းက လူပီသခြင်းတစ်မျိုးပါပဲ။ 🤎

image