5 w - Translate

ပညာ ဆိုတာ
<><><><>

ပညာ ဆိုတာ
တစ်ဦးနဲ့ တစ်ဦး မတူဘူး •••

🔹တစ်ချို့ကျတော့ -
တရားနာရင်း တရားထူး ရနိုင်တဲ့
ပုဂ္ဂိုလ်လည်း ရှိတယ် •••

🔹တစ်ချို့ ကျတော့ -
စာပေအဆင့်ဆင့် သင်ယူပြီးတဲ့ နောက်ပိုင်းမှာ
တရားထူးရတဲ့ ပုဂ္ဂိုလ်လည်း ရှိတယ် •••

🔹တစ်ချို့လည်း
နှစ်ပေါင်းများစွာ ကျင့်ပြီးမှ
အသိဉာဏ်ရင့်လာတဲ့ ပုဂ္ဂိုလ်လည်း ရှိတယ်
တစ်ယောက်နဲ့ တစ်ယောက် မတူဘူး •••

အဲဒီတော့ -
တူတာ , မတူတာထား
ကိုယ် လုပ်ရမယ့် အလုပ်ကို
ကိုယ်လုပ်နေဖို့ လိုတယ် •••

ကိုယ်သွားရမယ့် လမ်း
ကိုယ်သွားမှ ရောက်မှာပဲ
မသွားဘဲ နေရင်တော့ မရောက်ဘူးပေါ့ •••

ခြေလှမ်းတစ်ရာ လှမ်းရမည့်နေရာ ရောက်ဖို့
တစ်လှမ်းလှမ်းပြီးရင် ၉၉ - လှမ်းပဲ
ကျန်တော့တယ်နော် •••

တစ်လှမ်းမှ မလှမ်းရသေးတဲ့
ပုဂ္ဂိုလ်ကတော့
အလှမ်း ၁၀၀ - လုံးကျန်နေမှာပဲ •••

အဲဒါကြောင့်မို့
ပုံမှန်လေး အလုပ်လုပ်နေဖို့ အရေးကြီးတယ် •••

ရတာက သူ့တာဝန်
လုပ်ရမှာက ကိုယ့်တာဝန်လို့
တာဝန်ကို ခွဲဝေပြီးတော့ •••

ရလိုတဲ့ စိတ်တွေ
နင်းကန်ပြင်းထန်လို့ မရဘူး
သူ့အချိန်တန်ရင် ရလာမှာပဲ •••

#ပါချုပ်_ဆရာတော်_ဘုရားကြီး
https://t.me/parmokkha/654

Telegram: Contact @parmokkha

Telegram: Contact @parmokkha

ပညာ ဆိုတာ ပညာ ဆိုတာ တစ်ဦးနဲ့ တစ်ဦး မတူဘူး ••• ?တစ်ချို့ကျတော့ - တရားနာရင်း တရားထူး ရနိုင်တဲ့ ပုဂ္ဂိုလ်လည်း ရှိတယ် ••• ?တစ်ချို့ ကျတော့ - စာပေအဆင့်ဆင့် သင်ယူပြီးတဲ့ နောက်ပိုင်းမှာ တရားထူးရတ