5 w - Translate

မိုးအေးအေးလေးနဲ့ ကောက်ညှင်းပေါင်းပူပူနွေးနွေးလေးစားလို့ရအောင် လုပ်နည်းလေး

အုန်းနို့ ကောက်ညှင်းပေါင်း

ကောက်ညှင်းဆန် - ၁ ဗူး (နို့ဆီဗူး)
ယိုးဒယား အုန်းနို့ - ၁ ဗူး (အသေး)
သကြား - ၁ ဇွန်း (ထမင်းစားဇွန်း)
ဆား - အနည်းငယ်

ကောက်ညှင်းဆန်ကို ရေနဲ့ ၂ ထပ်ဆေး ပြီး ရေစိမ်ထားပါ (မနက်ပေါင်းမယ်ဆို ညကတည်းကစိမ်ထားပါ/ ညနေပေါင်းမယ်ဆို မနက်ကတည်းက စိမ်ထားပါနော်
ရေနွေးဆူအောင် အရင်တည်ထားပါ။

ကောက်ညှင်းဆန်ကို ရေစစ်ပြီး ဆားနှင့်နယ်ထားပါ။
ရေနွေးပွက်ပွက်ဆူလာလျှင် ရေနွေးအိုးပေါ် ပေါင်းခံတင်ပြီး ကောက်ညှင်းဆန်ကို ထည့်ပြီး အဖုံးလုံအောင်အုပ်ပြီး တယ်ထားပါ။

***၁၅ မိနစ်လောက်နေလျှင် အနပ်ညီစေရန် ကောက်ညှင်းဆန်ကို အထက်အောက်လှန်ပြီး အုန်းနို့ကို နည်းနည်းစီထည့်ပေးပါ။

နောက် ၁၅ မိနစ်ကြာလျင် နောက်တခေါက် အထက်အောက်လှန်ပေးပါ။

စုစုပေါင်း ကောက်ညှင်းပေါင်းချိန် ၄၅ မိနစ်လောက်ဆိုလျှင်ကျက်ပါပြီ။

(အုန်းနို့မကြိုက်လျှင် အုန်းနို့နေရာမှာ ရေထည့်ရင်ရပါတယ်ရှင့်)
*** ထမင်းချက်တဲ့ပေါင်းအိုးနဲ့ ပေါင်းပါတယ်ရှင်။

#cooking

image