5 w - Translate

မွန်ပြည်နယ်
ချောင်းဆုံမြို့နယ် ဘီလူးကျွန်းက

ဆေးတံရွာ၊ ကျောက်သင်ပုန်းရွာ နဲ့ အထင်ကရ နေရာများ☘️

ဘီလူးကျွန်းဟာ မွန်ပြည်နယ် မော်လမြိုင်မြို့တစ်ဖက်ကမ်း ချောင်းဆုံမြို့နယ်ထဲမှာ ရှိပါတယ်။ မွန်လူမျိုးတို့ အများဆုံးနေထိုင်တဲ့ ဘီလူးကျွန်းဟာ ရွာပေါင်း ရာချီရှိတဲ့ ကျွန်းကြီးပါ။ ထိုရွာများထဲမှ ဆေးတံရွာ၊ ကျောက်သင်ပုန်းရွာတို့ဟာ ထင်ရှားတဲ့ ရွာကြီးတွေ ဖြစ်ပါတယ်☘️

ဆေးတံရွာဆိုတာ ဆေးလိပ်သောက်တဲ့ ဆေးတံတွေကို မြန်မာပြည်မှာ ဆေးတံရွာတစ်နေရာတည်းကနေ ထုတ်လုပ်တာဖြစ်တာကြောင့် ဆေးတံရွာလို့ နာမည်တွင်ပါတယ်☘️

ကျောက်သင်ပုန်းရွာဆိုတာကတော့ တစ်ချိန်တုန်းက ကျောက်သင်ပုန်းနဲ့ ကျောက်တံသုံးခဲ့တဲ့ခေတ်က မြန်မာတစ်နိုင်ငံလုံးကို ထိုရွာကပဲ ထုတ်လုပ်ဖြန့်ဖြူးခဲ့တာပါ ယခုခေတ်အခါမှာတော့ကျောက်သင်ပုန်း ကျောက်တံကို အလှသုံးပစ္စည်းအနေနဲ့ ဈေးဆိုင်တွေ၊ အိမ်တွေမှာ အလှထားလျှက် ရှိပါတယ်☘️

#travel

image
image
image
image
image