5 w - Translate

👉 Moisturizer က အဆီပြန်ရင် မလိမ်းရဘူးဆို ?
👉 Serum လိမ်းပြီးရင် essence ထပ်လိမ်းဖို့လိုလား ?
👉 Essence လိမ်းတယ်.. emulsion လိမ်းတယ် ပြီးရင် Moisturizer လိမ်းလိုက်တယ် ..

Moisturizer လိမ်းရမယ်ဆိုလို့ တချို့က Moisturizer ဆိုတဲ့ စကားလုံးပါတာကို ရွေးဝယ်ကြတယ် .. ဥပမာ .. Clinique Dramatically Different Moisturizing gel လိုမျိုး ..

အဲ့ဒါကြောင့် moisturizer ရွေးဖို့အတွက် ဒီပို့စ်ကို လိုတိုရှင်းလေး ရေးလိုက်တာပါ..

❓ Moisturzer လိမ်းဖို့ လိုလား

✅ လိုပါတယ် .. moisturizer လိမ်းရပါမယ် ..

အသားရေမှာ hydro lipid layer လို့ခေါ်တဲ့ အဆီနဲ့ရေအလွှာ ရှိပါတယ် .. အစိုဓါတ်နဲ့ ရေဓါတ်တွေ မဆုံးရှုံးဖို့ ဒီ အဆီနဲ့ရေအလွှာ hydro lipid layer က မျှခြေမှာ ရှိနေမှ ရပါတယ် ..

နောက်တခုက အဆီ လုံးဝမရှိလို့ မရပါဘူး .. အဆီက အသားရေရဲ့ အစိုဓါတ်ရေဓါတ်မဆုံးရှုံးဖို့ ထိန်းပေးထားတာမို့ အဆီမရှိရင် အသားရေဟာ စိုစိုပြေပြေနဲ့ တင်းတင်းရင်းရင်း မရှိပဲ အရေးကြောင်းတွေ ပိုဖြစ်လွယ်ပါလိမ့်မယ် ..

ဒါကြောင့် အဓိကကတော့ ကိုယ့်အသားရေနဲ့ သင့်တော်တဲ့ moisturizer ကို ရွေးချယ်ရပါမယ် ..

စျေးကွက်ထဲမှာ ရှိနေတဲ့ Serum , Essence , Emulsion, Lotion , Cream , Gel cream အကုန် moisturizer တွေချည်းပါပဲ ...

အဲ့တော့ ဘယ်လိုတွေကွာလဲ?

Dr. Paula Begoun က Moisturizing step ဆိုတဲ့နေရာမှာ Treatment step နဲ့ Moisturizing step ဆိုပြီး ၂ ပိုင်း ခွဲပြောထားတယ် ..

Serum , Essence တွေက အသားရေထဲထိ စိမ့်ဝင်ပြီး ပိုထိရောက်တာမို့ အသားရေကို repair & treat လုပ်ဖို့ serum , essence တမျိုးမျိုး သုံးသင့်ပါတယ် ..

ကျန်တဲ့ Emulsion , Lotion , Cream , Gel cream တွေက ကိုယ့်အသားရေနဲ့အလိုက် သုံးနိုင်ပါတယ် ....

အဆီပြန်ရင် > Gel type သုံး
Combination ဆိုရင် > Emulsion လောက်သုံး
Normal skin ဆိုရင် > lotion လောက်သုံး
Dry skin မှသာ > Cream type ကိုသုံး ..

ဒါပေမဲ့ ပုံသေမမှတ်ထားတာ ကောင်းပါတယ် .. တချို့ Lotion နဲ့ cream တွေမှာ အဆီထုတ်ထားတဲ့ oil free product တွေရှိတယ် .. Light weight ဖြစ်တာတွေရှိတယ် .. အဲ့ဒါတွေက အဆီပြန်တတ်တဲ့ အသားရေအတွက်ပါ လိမ်းလို့ရတယ် .. ဒါကြောင့် ပုံသေမမှတ်ထားပဲ ကိုယ့်အသားရေနဲ့သင့်တော်တဲ့ texture ကို လိုအပ်ချက်အလိုက် ရွေးချယ်နိုင်ပါတယ် ..

ကဲ .. ဒီလောက်ဆို နည်းနည်း အကြမ်းဖျင်း သိလောက်မယ် ထင်ပါတယ်နော် ...

နောက်နေ့မှ
> Hydrator နဲ့ Moisturizer က တူလား ?
> Hydrator လိမ်းရင် moisturizer လိုသေးလား ဆိုတဲ့ မေးခွန်းတွေအတွက် ဖြေပေးပါဦးမယ် ..

#skincare

image