5 w - Translate

Star Wars ရုပ်ရှင်ထဲကအတိုင်း လေထုထဲကနေ ရေထုတ်ယူတဲ့စက် တီထွင်ခဲ့ကြသူများ

အိန္ဒိယနိုင်ငံမှ အင်ဂျင်နီယာတစ်စုဟာ Star Wars ရုပ်ရှင်ထဲက ဖန်တီးမှုကို အတုယူပြီး ရေရှားပါးမှုပြဿနာကို တိုက်ဖျက်နိုင်မယ့် စက်တစ်မျိုး တီထွင်နိုင်ခဲ့ပါတယ်။ ကီရာလာပြည်နယ်မှာရှိတဲ့ ကောလီကွတ်မြို့ဟာ ရေအလွန်ရှားပါးပြီး အင်ဂျင်နီယာကျောင်းသား ဆွာနေးအပါအဝင် ဒေသခံတွေဟာ ရေစင်ကနေ တစ်နေ့ကို ရေတစ်ထမ်းပဲ ခွဲတမ်းရပါတယ်။

ဆွာနေးဟာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ရေရှားပါးမှုတိုက်ဖျက်ရေး အကြောင်းအရာနဲ့ ကျောင်းတွင်းပြိုင်ပွဲမှာ ဆုရထားသူပါ။ ဆွာနေးနဲ့ သူငယ်ချင်း ၂ ယောက်ဟာ Star Wars ရုပ်ရှင်ထဲမှာ လေကနေ ရေထုတ်တဲ့စက် (air-to-water device)ကို အတုယူပြီး လေထဲကနေ ရေစစ်ထုတ်တဲ့စက် ဖန်တီးဖို့ စိတ်ကူးရခဲ့ကြတာပါ။

moisture vaporator ဟာ အပူကွိုင်တွေကို အသုံးပြုပြီး လျှပ်ကူးဧရိယာ ဖန်တီးကာ လေထုထဲမှာ ရေငွေ့စုပ်ယူတာ ဖြစ်ပါတယ်။ အဲဒီနောက် နေအပူရှိန် သို့မဟုတ် ပြည့်ဖြိုးမြဲစွမ်းအင် တစ်ခုခုသုံးပြီး အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်ပေးကာ ရေငွေ့တွေကို အရည်ပျော်စေပါတယ်။ သိုလှောင်ပုံးထဲ ရောက်သွားရင်တော့ သောက်သုံးဖို့ သင့်တော်တဲ့ pH ပမာဏ ချိန်ညှိပါတယ်။ ဆွာနေးတို့ ဖန်တီးထားတဲ့ ရေငွေ့စုပ်စက်တွေက တစ်နေ့ကို ရေ ၁.၅ လီတာ စုပ်ယူပေးနိုင်စွမ်း ရှိပါတယ်။

ရေငွေ့စုပ်ယူပြီး သောက်ရေဖန်တီးဖို့ အချိန် ၁၂ နာရီအထိ ကြာမြင့်ပြီး ရေငွေ့စုပ်စက် များလေလေ၊ သောက်ရေထုတ်လုပ်နိုင်စွမ်း များလေလေပါပဲ။ ရေငွေ့စုပ်စက်တွေကနေ တစ်နေ့ကို ၂၀၀၀ လီတာ ဒါမှမဟုတ် ဂါလံ ၅၀၀ အထိ ထုတ်လုပ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဆွာနေးတို့ သူငယ်ချင်းတွေက ကုန်ကျစရိတ် ပိုသက်သာအောင် ပြင်ဆင်မွမ်းမံမှုတွေ လုပ်နေပြီး ဒေတာစင်တာတွေမှာ စမ်းသပ်စီမံကိန်းအဖြစ် ရေငွေ့စုပ်စက်တွေ ထားရှိဖို့ စီစဉ်နေကြပါတယ်။

Ref: Indian Engineers Tackle Water Shortages with Star Wars Tech in Kerala

image