5 w - Translate

တကယ်တမ်းက ချစ်တယ်ဆိုရုံနဲ့လဲ
မလုံလောက်ဘူးရယ် ❤❤

ချစ်ပီး ၊
ချစ်ရတဲ့လူအပေါ်
ဂရုစိုက်ပေးတတ်တာမျိုးမှ
တကယ်တမ်း အချစ်စစ်ခေါ်တယ် ။

ချစ်ပါတယ်လို့
နှုတ်ဖျားမှ အကြိမ် 1 သောင်းမက
ပြောနေပါစေ ၊
တကယ်တမ်း ဂရုစိုက်မပေးတတ်ရင်
အလကားပဲ ။

ချစ်တော့ချစ်တယ် ၊
ဂရုစိုက်မပေးတတ်လို့ပါ ဆိုတာတွေက
အလကားပြောတာ ။

တကယ်ချစ်ရင် ၊
ထိုချစ်ရတဲ့ လူသားလေးကို စိတ်ထဲ
အကြိမ်ရေအခါခါ တွေးနေမိပုံများ ...
ရေတွက်လို့တောင် ရမယ်မထင်ဘူး ...

တကယ်သာ စိတ်ထဲရှိရင်
စာပို့မယ် ၊
ဖုန်းဆက်မယ် ၊
သတိရနေကြောင်းကို
တနည်းနည်းနဲ့ဖော်ပြမယ် ။

ဒီနေ့တနေ့တာ မင်းအဆင်ပြေရဲ့လား ၊
နာမကျန်းဖြစ်သေးလား ၊
စိတ်အဆင်မပြေတာတွေ သိပ်များလား ၊
စသဖြင့်ပေါ့လေ ...

တကယ်ချစ်မိတဲ့လူဟာ ဒါမျိုးတွေဆို
အကုန် သိပ်သိချင်တယ် ။
ဘာလို့သိချင်လဲဆို စိတ်ထဲရှိတာကိုး ။
စိတ်ထဲဘာလို့ရှိသလဲဆို
သိပ်ချစ်တာကိုးဗျ ။

It's just so simple ...

တကယ်ချစ်ရင် ဂရုစိုက်တတ်လာတယ်။
တကယ်လို့ ဂရုမစိုက်တတ်ရင် ၊
တကယ်မချစ်သေးလို့ပဲ ။
ရှင်းရှင်းလေးရယ် ...

#koe

imageimage