5 w - Translate

ပြည့်စုံခြင်းတွေ အတွက်လည်း
မာန်မတက်သလို ၊
ချို့တဲ့ခြင်းတွေ အတွက်လည်း
စိတ်မပျ_က်ပါဘူး ၊
အမှန်တရားပေါ်ကနေ
တည့်တည့်မတ်မတ်ပဲ လျှောက်တယ် ၊
လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ် လာတာ ။

ချိုတလည့် ခါးတလှည့် လောကကြီးမှာ
ဘာအတွက်နဲ့မှ စိတ်ခံစားချက်
မထား ''
စိတ်ကို ပေါ့ပါးစွာပဲ လွှတ်ထားတယ် ၊

ဖြစ်ချင်တိုင်း ဖြစ် ပျ_က်ချင်တိုင်း ပျက်တဲ့
လောကမှာ ၊
ကိုယ့်လမ်း ကိုယ်ပဲ
တည့်တည့်မတ်မတ် လျှောက်တယ် ။

ဘယ်လိုလွှမ်းမိုးမှုအောက်မှာမှ
ငါမရှိဘူး ၊
ကမ္ဘာမြေဟာ
သူ့ဟာနဲ့သူ လည်နေဦးမှာဘဲ ။

တချို့အရာတွေက လေနဲ့ပါလာတဲ့
ဖုန်သဲတွေလောက်ပါ
အဖြစ်သည်းမနေပါနဲ့ မင်းလည်း တစ်နေ့
ငါလည်းတကွေ့ ၊
လောကကြီးကို တာ့တာပြသွားရမှာပါ ။
သူငယ်ချင်း.... /
#crd_to_owner_with_respect

image