5 w - Translate

သစ်သားစိမ်းလေးရေ အမြင့်ဆုံးထိပျံသန်ပြလိုက်ပါ……

ဂရင်းဝုဒ်ကတော့ မာဆေးလ်မှာ ပွဲတိုင်း ဂိုးသွင်းနေပါတယ်။ မနေ့က တူးလော့စ်နဲ့ အဝေးကွင်းပွဲမှာလည်း တစ်မိနစ်အတွင်း နှစ်ဂိုး သွင်းနိုင်ခဲ့ပြန်တာပါ။

ပွဲကစားချိန် (၁၆) မိနစ်နဲ့ (၁၇) မိနစ်တို့မှာ ဂရင်းဝုဒ်က ဂိုးတွေ ဆက်တိုက်သွင်းခဲ့တာဖြစ်ပြီး မာဆေးလ်ကလည်း အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ်ကတော့ မာဆေးလ်နဲ့အတူ ပြင်သစ်လီဂူးရာသီအဖွင့် (၃) ပွဲမှာ (၅) ဂိုးအထိ ရလိုက်ပါပြီ။

ဒီဇာဘီလက်ထက် မာဆေးလ်ကလည်း တော်တော်လေး ခြေစွမ်းပြနေပြီး ဒီပုံစံအတိုင်းဆိုရင် ပြင်သစ်လီဂူးချန်ပီယံဆုကိုပါ စိန်ခေါ်နိုင်စွမ်းရှိလာပါတယ်။ ယူနိုက်တက်ပရိသတ်တွေ အားလုံးအတွက်တော့ ဂရင်းဝုဒ်တစ်ဂိုးသွင်းတိုင်း ဝမ်းလည်းသာရသလို၊ သူ့ကို အသင်းကနေ ဆုံးရှုံးလိုက်ရတဲ့အတွက်လည်း ဝမ်းနည်းနေရမယ်ဆိုတာလည်း သေချာပါတယ်။

#football

image