5 w - Translate

#transfer_news

ချယ်လ်ဆီးအသင်းသည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်တွင် မန်ယူအသင်းထံမှခေါ်ယူနိုင်ခဲ့သည့် အဂ်လန်တောင်ပံကစားသမား ဆန်ချိုအား တရား၀င်မိတ်ဆက်ကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အသက် (၂၄)နှစ်အရွယ်ဆန်ချိုအား ကနဦးတစ်ရာသီအငှားဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင် ပေါင်သန်း (၂၀)ဖြင့် အပြီးသတ်ခေါ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

မန်စီးတီးအကယ်ဒမီထွက်ကစားသမားဆန်ချိုသည် ဒေါ့မွန်၊ မန်ယူအသင်းများတွင်ကစားခဲ့ပြီး မန်ယူအသင်းတွင် ခြေစွမ်းပြရန်ရုန်းကန်ခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းထံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဆန်ချိုသည် ချယ်လ်ဆီးအသင်းတွင် ကျောနံပါတ် (၁၉) ဝတ်ဆင်သွားမည်ဖြစ်သည်။

#football

imageimage