5 w - Translate

အင်ဂျင်နီယာကျောင်းသားတွေ တီထွင်လိုက်တဲ့ ဆိုလာစွမ်းအင်သုံး လျှပ်စစ်ကားအားသွင်းကိရိယာ
အမေရိကန် ဟော်လန်မြို့မှာရှိတဲ့ Hope ကောလိပ်မှ အင်ဂျင်နီယာကျောင်းသားတွေဟာ နေစွမ်းအင် (ဆိုလာ) ကို အသုံးပြုပြီး လျှပ်စစ်ကားတွေကို အားသွင်းနိုင်တဲ့နည်းလမ်းတစ်ခုကို ဖန်တီးခဲ့ပါတယ်။
ကျောင်းသားများဟာ ကျောင်းမှာသင်ကြားရတဲ့အချက်အလက်များကို အကောင်အထည်ဖော်ရသော စီမံကိန်းမှတဆင့် နေစွမ်းအင် (ဆိုလာ) ကို အသုံးပြုပြီး လျှပ်စစ်ကားများကို အားသွင်းနိုင်တဲ့ အားသွင်းစက်တွေကို ဖန်တီးခဲ့တာပါ။ ဒီအားသွင်းစက် ၄ ခုကို ပြီးခဲ့တဲ့လအစောပိုင်းမှာ ကျောင်းဝင်းအတွင်းမှာ တပ်ဆင်ခဲ့ပြီး စတင်အသုံးပြုခဲ့ကြတာပါ။
အားသွင်းစက်ဟာဆိုရင် နေစွမ်းအင် (ဆိုလာ) ကနေ လျှပ်စစ်စွမ်းအင်ကို ကူးပြောင်းပေးမှာဖြစ်ပြီး လျှပ်စစ်ကားတွေကို အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အားသွင်းစက်တွေဟာ ကျောင်းဝင်းအတွင်းမှ လျှပ်စစ်ကားစီးတဲ့ ကျောင်းသားများက သုံးနိုင်မှာဖြစ်ပြီး အခြားလျှပ်စစ်စက်ဘီးတွေ လျှပ်စစ်ဆိုင်ကယ်တွေအပြင် အဆောက်အဦးတွေအတွက်ပါ လျှပ်စစ်အားပေးနိုင်တယ်လို့ဆိုပါတယ်။
ကျောင်းသားတွေဟာ အားသွင်းစက်တွေကို စာသင်နှစ်တစ်နှစ်တာလုံးအတွက် အကန့်အသတ်မရှိသုံးနိုင်ဖို့ အထူးပါကင်လက်မှတ်တွေကို ဝယ်ယူနိုင်မှာဖြစ်ပြီး နေစွမ်းအင် (ဆိုလာ) ဖြစ်တာကြောင့် အားသွင်းခဟာ ပုံမှန်ထက် ပိုသက်သာမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ Hope ကောလိပ်အတွင်း ဒီနေစွမ်းအင်သုံးအားသွင်းစက်တွေကို အသုံးပြုရတာဟာ အတော်လေးကိုအဆင်ပြေတယ်လို့ လျှပ်စစ်ကားမောင်းနှင်တဲ့ ကျောင်းသားအများစုကဆိုပါတယ်။ နောက်ပိုင်းမှာလည်း ကျောင်းအတွက်အပြင် အခြားသောနေရာများအတွက်ပါ အဆင်ပြေစေနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ကျောင်းရဲ့ ဒါရိုက်တာဖြစ်သူ Michelle Seppala Gibbs က ဆိုပါတယ်။
Credit to AKhayar - Tech

image