5 w - Translate

နည်းပြ တန်ဟတ်ဂ် ရာထူးအတွက် စိုးရိမ်စရာဖြစ်လာဟု မန်ယူဂန္ထဝင် ရွိုင်ကိန်း သုံးသပ်

နည်းပြတန်ဟတ်ဂ်ရဲ့ ရာထူးအတွက် စိုးရိမ်စရာဖြစ်လာပြီလို့ မန်ယူအသင်း ဂန္ထဝင်ကွင်းလယ် ကစားသမား ရွိုင်ကိန်းက သုံးသပ်သွားပါတယ်။

မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၃ ပွဲအပြီးမှာ ၂ ပွဲအထိ ရှုံးနိမ့်ခဲ့ရတာပါ။

လီဗာပူးနဲ့ပွဲစဉ်မှာ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့တာက ထိတ်လန့်တုန်လှုပ်စရာကောင်းခဲ့ပြီး နည်းပြ တန်ဟတ်ဂ်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာကောင်းတယ်လို့ ရွိုင်ကိန်းက စကိုင်းစပေါ့ရုပ်သံမှာ ပြောပါတယ်။

နည်းပြတယောက် အလုပ်ထုတ်ခံရဖို့ ဘယ်တုန်းကမှ မလိုလားခဲ့ဖူးပေမဲ့ လက်ရှိအခြေအနေမှာ နည်းပြ တန်ဟတ်ဂ်အတွက် ဖိအားအလွန်များနေပြီဖြစ်တယ်လို့ ရွိုင်ကိန်းက ပြောပါတယ်။

မန်ယူပရိသတ်အများစုကလည်း နည်းပြ တန်ဟတ်ဂ်ကို ထုတ်ပယ်ဖို့ ဆိုရှယ်မီဒီယာတွေကနေ တောင်းဆိုနေကြပြီ ဖြစ်ပါတယ်။
DVB

image