5 w - Translate

စိတ်မပူတတ်တဲ့ ဆက်ဆံရေးတွေဟာ
ချစ်ခြင်းမေတ္တာ မမည်ပါဘူး ..

စိုးရိမ်ခြင်းကင်းတဲ့ အချစ်လို့မှ
မရှိဘဲလေ ..

လူတစ်ယောက်ကို ချစ်မိတဲ့အခါ
အထိအရှ သေးသေးလေးမှ
မခံနိုင်အောင်အထိ
မြတ်နိုးကြပါတယ် ..
အသေးအဖွဲလေးတွေက အစ
ပူပန်တတ်ကြပါတယ် ။

စိတ်လုံခြုံမှုဆိုတာ ချစ်ခြင်းမေတ္တာဆီက
ဆင်းသက်လာတဲ့ သက်သေတစ်ခုပါ ။

ဂရုစိုက်မှုတွေ .. နွေးထွေးမှုတွေ ..
ကြင်နာမှု အငွေ့အသက်တွေဆိုတာ
တကယ် ချစ်မှပဲ ဖြစ်ပေါ်လာတဲ့
ခံစားချက်တွေပါ ... ။

လူတစ်ယောက်ကို ဆုံးရှုံးရမှာ ကြောက်တဲ့အခါ
နည်းနည်းလေးမှ အတိမ်းအစောင်းမခံနိုင်ကြပါဘူး.. လွဲချော်ခြင်းတွေ ဖြစ်လာမှာကိုလည်း
သိပ်ပြီးကြောက်တတ်ကြပါတယ် ။

ကိုယ် ပိုင်ဆိုင်ထားတဲ့ ဆက်ဆံရေးမှာ
အလေးအနက်ထားပေးဖို့
တောင်းဆိုနေရတယ်ဆိုရင်
ဒါဟာ အချစ်တစ်ခု မဟုတ်ပါဘူး
မှားယွင်းတဲ့ တွေ့ဆုံမှု တစ်ခုပါပဲ ။

#2001

image