5 w - Translate

ငါ့ကိုမနက်တိုင်း morningဆိုတဲ့ messageလေး
အချိန်မှန်ပို့ထားပေးပါလို့ တောင်းယူထားတာနဲ့
Good morning လို့ သူ့အလိုလို
ရုတ်တရက်ထရောက်တဲ့အခါ လက်သင့်ခံလိုက်ရတဲ့
စိတ်ခံစားချက် တူတယ်လို့ထင်လား။

တစ်ခါတလေမှာ
အလေးထားတယ် မထားဘူးဆိုတာက
စာတစ်ကြောင်းထက်ပိုတယ်။

ဒီလိုပဲ။ ပြောမှရလာတာနဲ့
သူ့အလိုလို ပေးလာတာမျိုးကလည်း
ခံစားချက်ခြင်း မညီပြန်ဘူး။
မင်းက အသေးအဖွဲ့လေးတွေမှာတောင်
သိပ်pressure ထားလွန်းတာပဲလို့ မြင်မယ်ဆိုရင်တော့

မနက်ခင်းမှာ morning လို့ပို့လိုက်တဲ့ messageတစ်စောင်ဟာ ဟုတ်တယ်၊မင်းပြောသလို အသေးအဖွဲ့ပါပဲ။

သို့သော်....မျက်လုံးနှစ်ဖက် ဖွင့်လိုက်တာနဲ့
ကိုယ့်ကိုပြေးသတိတရဖြစ်ပါတယ်ဆိုတဲ့ စိတ်။
တစ်နေ့တာကိုတော့ မင်းကိုနှုတ်ဆက်ပြီးမှ
စတင်ချင်ပါတယ်ဆိုတဲ့ အရေးထားမှုမျိုးကတော့
သိပ်ကြီးကျယ်ခန်းနားလွန်းသွားပြီ။

မှတ်ထား ချစ်သော. . .
တသားထဲရှိနေတဲ့ ဆက်ဆံရေးတိုင်းက
အသေးအဖွဲ့တွေနဲ့ပဲ တည်ဆောက်ထားတယ်။

ချစ်ခြင်းမေတ္တာကိုစောက်ပိုလို့ လက်ညိုးထိုးသူတွေ
ရှိသလို အရာရာမှာ မင်းနဲ့အတူလို့ အပြန်အလှန်
နွေးထွေးပေးပြီးတစ်ယောက်ရဲ့ရှင်သန်ခြင်းကို
တစ်ယောက်က ပိုပြီးပြည့်စုံအောင်ဖန်တီး‌ပေးရင်း
ပျော်နေတဲ့ဆက်ဆံရေးမျိုးကိုရော
မင်းမြင်တွေ့ဖူးတာပဲမလား။

တကယ်ချစ်ရင် စောက်ပိုတွေနောက်မှာလည်း
စိတ်ရင်းတွေရှိပါတယ်။
ငါကလည်း အဲဒီ့စိတ်ရင်းကိုပဲ လိုချင်တာ။

🐼 - 𝐍𝐚𝐲 𝐌𝐢 𝐊𝐲𝐚𝐰
🎬 - 𝐋𝐮𝐜𝐚 (!!)
#crd

image