5 w - Translate

ခလုတ် လုံးဝ မပါတဲ့ စမတ်ဖုန်းကို နောက်နှစ်မှာ ရောင်းချမယ့် Xiaomi
========================================

စမတ်ဖုန်း ကုမ္ပဏီတွေဟာ ဒီဇိုင်း ဆန်းသစ်လှပတဲ့ ဖုန်းတွေကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ Home Button နဲ့ Navigation Button တွေကို ဖျောက်ပြီး Full Screen ဖုန်းတွေ ထုတ်လုပ်လာကြပါတယ်။ အခုတော့ အသံနဲ့ ပါဝါခလုတ်တွေကိုပါ ဖျောက်ကြတော့မှာပါ။

Xiaomi က ခလုတ် လုံးဝ မပါတဲ့ စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေပြီး နောက်နှစ် ပထမနှစ်ဝက်မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ ခလုတ် လုံးဝ မပါတဲ့အတွက် ဒီဇိုင်းဆန်းသစ် လှပမှာ သေချာပါတယ်။ ခလုတ်တွေ အစား ဘယ်လို Feature တွေ အသုံးပြုထားမလဲ ဆိုတာ မသိရသေးပါဘူး။ ခလုတ်တွေ မပါတဲ့အတွက် ဖိအား အာရုံခံနိုင်တဲ့ Edges ၊ Gesture Controls နဲ့ Voice Command တွေကို အသုံးပြုထားနိုင်ပါတယ်။

အဲဒီဖုန်းမှာ ဆဲလ်ဖီး ကင်မရာကို Display အောက်မှာ မြှပ်နှံထားမယ့်အတွက် Full Screen ဒီဇိုင်း တော်တော်လှမှာပါ။ Qualcomm ရဲ့ စွမ်းရည်မြင့် Snapdragon 8+ Gen 4 SoC မောင်းနှင်ထားမယ်လို့ သိရပါတယ်။

အဲဒီဖုန်းရဲ့ လျှို့ဝှက်အမည်က Zhuque ဖြစ်ပြီး နောက်နှစ် အစောပိုင်းမှာ မျက်ဝါးထင်ထင်မြင်ရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena
Credit to Digital Times

image