5 w - Translate

၃ ခေါက်ချိုး Foldable ဖုန်းကို ဖန်တီးနေတဲ့ Xiaomi
==============================
Huawei ရဲ့ ၃ ခေါက်ချိုး Foldable ဖုန်းရဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပြီး နောက်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ Xiaomi ကလည်း အားကျမခံ ၃ ခေါက်ချိုး Foldable ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။
Xiaomi ဟာ ၃ ခေါက်ချိုး Foldable ဖုန်းကို ဖန်တီးနေတာ တော်တော် ခရီးရောက်နေပြီလို့ သိရပါတယ်။ အဲဒီ ဖုန်း သို့မဟုတ် အနည်းဆုံး နမူနာ မော်ဒယ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ မြင်တွေ့ရနိုင်တယ်လို့ ပြောပါတယ်။ Xiaomi Mix Series အောက်ကနေ အဲဒီဖုန်းကို ကြေညာနိုင်ပါတယ်။
Xiaomi ဟာ Foldable ဖုန်း အသစ် ၂ လုံးကို ပြီးခဲ့တဲ့လကမှ ကြေညာထားတဲ့အတွက် ၃ ခေါက်ချိုးဖုန်းကို ကြေညာဖို့ အချိန်ကြာဦးမှာပါ။ Mobile World Congress ကို ကျင်းပဖို့ ၆ လလောက်လိုပါသေးတယ်။ ဒီအတော်အတွင်း အဲဒီဖုန်းရဲ့သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။
Ref : gsmarena
Credit to DigitalTimes

image