5 w - Translate

အာဆင်နယ်ဆီ ပြောင်းရွှေ့ခဲ့ရတာ မယုံနိုင်စရာခံစားမှုဖြစ်ဟု စတာလင် ပြော

အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့တာက မယုံကြည်နိုင်စရာ ခံစားမှုဖြစ်ကြောင်း တောင်ပံ ကစားသမား စတာလင်က ပြောပါတယ်။

စတာလင်ဟာ ချဲလ်ဆီးကနေ အာဆင်နယ်ဆီ တရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အာဆင်နယ်မှာ လုပ်ခလစာ ထက်ဝက်လောက်လျှော့ချပြီး ရယူမှာပါ။

အာဆင်နယ်အသင်းဟာ သူနဲ့ ကိုက်ညီတဲ့ အသင်းဖြစ်ပြီး အသင်းက လူငယ်တွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ အောင်ပွဲဆာလောင်မှုတွေကို မြင်တွေ့နိုင်ကြောင်း စတာလင်က ပြောပါတယ်။

“ဒါဟာ မယုံနိုင်စရာ ခံစားချက်တခုပါ။ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ ကျနော် ရင်ခုန်နေပါတယ်။ အာဆင်နယ်က ကျနော်နဲ့ ကွက်တိဖြစ်မယ့်အသင်းပါ။ အပြောင်းအရွှေ့ ဖြစ်လာခဲ့တဲ့အပေါ် အလွန်ကျေနပ်မိပါတယ်။ ကျနော် အားကစားဒါရိုက်တာအီဒူးနဲ့လည်း စကားပြောခဲ့ပါတယ်။ နည်းပြ မီခေးလ်လက်ထက်မှာအသင်းရဲ့ စည်းလုံးညီညွတ်မှုနဲ့ တိုးတက်မှုတွေကို မြင်နိုင်ပြီး အသင်းကလူငယ်လေးတွေချီတက်နေတဲ့ ခရီးလမ်းနဲ့ အောင်ပွဲဆာလောင်မှု ပြင်းပြမှုတွေကိုလည်း မြင်တွေ့ရမှာပါ။ အသင်းရဲ့ စည်းလုံးညီညွတ်မှုမှာ အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်ခွင့်ရဖို့က ကျနော် မျှော်လင့်မိတဲ့ အရာပါ။”

လီဗာပူးနဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ စတာလင်ဟာ ၂၀၁၅ ခုနှစ်မှာ မန်စီးတီး၊ ၂၀၂၂ ခုမှာ ချဲလ်ဆီး အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပြီး အခုနှစ်ရာသီမှာ အာဆင်နယ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

DVB

image