Frankie shared a post  
5 w

5 w

ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ ပထမသုံးလအတွင်းရှောင်ကြဉ်ရမည့် နည်းလမ်းများ

1.ရေများများသောက်ပါ။
ရေဓာတ်ပြည့်ဝနေခြင်းဟာရင်သွေး ကျန်းမာရေးရှု့ထောင့်ကကြည့်တဲ့အခါ နေ့မစေ့လမစေ့ ကလေးမွေးဖွားလာနိုင်မှုကို လျှော့ချပေးပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးသင့်ပါတယ်။

2.လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်ဝန်ထိခိုက်မှာစိုးရိမ်လို့ဆိုပြီး ထိုင်ပဲထိုင်မနေပဲ ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုး မဟုတ်ရင်တောင် လမ်းလျှောက်လေ့ကျင့်ခန်းကတော့ လုပ်ကိုလုပ်ပေးသင့်ပါတယ်။ ဒါမှ သွေးလည်ပတ်မှုကောင်းပြီး ခြေထောက်တွေ ဖောရောင်တာကိုလည်း သက်သာစေမှာပါ။

3.ဆေးလိပ်လုံးဝမသောက်ပါနဲ့။
မိခင်နေမကောင်းတဲ့အခါဗိုက်ထဲက ကလေးအတွက် မကောင်းနိုင်ပါဘူး။ဆေးလိပ်က ကိုယ်ဝန်ပျက်ကျစေနိုင်ဖို့ အခွင့်အလမ်းများစေသလို မွေးလာမယ့် ကလေးမှာလည်း ချို့ယွင်းချက်တွေ အများကြီးရှိစေတတ်ပါတယ်။ (ပေါင်ချိန်မပြည့်တာ၊နှုတ်ခမ်းကွဲအာခေါင်ကွဲ၊အသေလေးမွေးတာ)စတာတွေဖြစ်နိုင်ပါတယ်။

4.အရက်ကို ရှောင်ပါ။
ကိုယ်ဝတ်လွယ်ထားရတဲ့ကာလမှာ အရက်လုံးဝသောက်လို့မရပါဘူး။အချင်းကိုဖြတ်သွားပြီး ကလေးဆီ တိုက်ရိုက် ရောက်သွားတဲ့အရက်က ကလေးဖွံ့ဖြိုးမှု အဆင့်တိုင်းကို ပြဿနာ ဖြစ်စေတတ်ပြီး မွေးရာပါဦးနှောက်ချို့ယွင်းချက် အများကြီးနဲ့ မွေးဖွားလာတတ်ပါတယ်။

5. မကျက်တကျက် အသားတွေ မစားပါနဲ့။ အကုန်ကျက်တာမျိုးမဟုတ်ဘဲ စားလို့ကောင်းတာတွေကို ကိုယ်ဝန်ဆောင်အချိန်မှာ ခနမေ့ထားလိုက်ပါ။မကျက်တကျက် အသားတွေဟာ Listeriosis နဲ့ Toxoplasmosis ခေါ်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ကြောက်စရာကောင်းတဲ့ ရောဂါတွေကို ဖြစ်စေကာ ကိုယ်ဝန်ပျက်ကျဖို့ အခွင့်အလမ်းများနိုင်ပါတယ်။

6.ကော်ဖီများများ မသောက်သင့်ပါဘူး။
ကိုယ်ဝန်သည်တွေ ကော်ဖီသောက်လို့ရတယ်ဆိုပေမယ့် တစ်နေ့ ၂ ခွက်ထက်တော့ ပိုမသောက်သင့်ပါဘူး။ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က အချင်းကိုဖြတ်ပြီး ကလေးဆီရောက်ကာ ကလေးရဲ့ နှလုံးခုန်နှုန်းအပေါ် သက်ရောက်မှုရှိပါတယ်။

7.အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဝေးဝေးနေပါ။
ကိုယ်ဝန်ကြီးနဲ့ အိမ်က အိမ်မွေးတိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေကို သန့်ရှင်းရေး မလုပ်သင့်ပါဘူး။အထူးအားဖြင့် အိမ်မှာမွေးလေ့ရှိတဲ့(ခွေး၊ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန်)များနှင့် ဝေးရာမှာနေသင့်ပါတယ်။

ကဲ ချစ်ခင်ရသူတွေလဲ အခုလိုအရေးကြီးတဲ့ ကိုယ်ဝန်ပထမ ၃ လမှာ ဒီလိုအချက်လေးတွေကို သိထားပြီးလိုက်နာရင် မိခင်ရော ကလေးလေးပါ ကျန်းမာမှာ အသေအချာပဲလို့ အကြံပေးပါရစေနော်။

#frankiestories
#littleworld

image