5 w - Translate

"၆၀ကျော်အသက်အရွယ်တွေအတွက် လိုအပ်တဲ့ ဓာတ်စာ"

မိဘတွေ ဆိုတာကတော့ သားသမီးတွေအတွက် မဟာတံတိုင်းကြီးတွေပမာပါပဲ။ဒါ‌ပေမယ့်
အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကြရင်တော့ လုံလောက်အောင် မရပ်တည်နိုင်ကြတော့ပါဘူး။စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ အခုလို အရွယ်မှာ မိနဲ့ဖ ကို လုပ်ကိုင်ကျွေးမွေး ပြုစုသင့်တာ သားသမီးတိုင်းရဲ့ တာဝန်ပါ။

အသက် ၆၀ ကျော်လာတဲ့ မိဘ၊ဘိုးဘွားတွေအတွက် ဘယ်လို ဓာတ်စာတွေကအသင့်တော်ဆုံးလဲ ❓

ပြုစုတဲ့သူတွေအနေနဲ့ ဘယ်လိုအရာတွေကို ဆောင်ရမယ်၊ဘယ်လိုအရာတွေကို ရှောင်ရမယ်ဆိုတာ ပြောပြပေးသွားပါမယ်..👇👇👇

🔺အသက်အရွယ်ကြီးရင့် လာတာနဲ့အမျှ
‌ကြွက်သားအပျက်အစီးများလာတာကြောင့် ကြွက်သားအလေးအချိန်ကို ထိန်းဖို့ protein ဓာတ်တွေဖြစ်တဲ့ အသား၊ငါး၊ဥအမျိုးမျိုးတွေကို စားသုံးပေးသင့်ပါတယ်။

🔺ဆီးချိုရောဂါဆိုတာ အသက်အရွယ်ရလာသူတွေမှာ မျိုးရိုးမရှိရင်တောင် ဖြစ်တတ်တဲ့ရောဂါမျိုးပါ။ဆီးချိုရန်ကနေ ကာကွယ်ဖို့ သကြားဓာတ်လွန်ကဲတာမျိုးတွေ ရှောင်ရှားသင့်ပါတယ်။အသက်ကြီးလာလေလေ အနာကျက်အောင် ကုသနိုင်စွမ်း နည်းလာလေလေပါပဲ။ဒါကြောင့် သကြားမပါတာမျိုးတွေ စားသုံးသင့်ပါတယ်။

🔺လမ်းလေးလျှောက်တာတောင် အားနည်း မောပန်းတတ်တဲ့ အရွယ်ဖြစ်တဲ့အတွက် နို့ထွက်ပစ္စည်းတွေကို ကျွေးမွေးသင့်ပါတယ်။ညပိုင်းမအိပ်ခင် နို့တစ်ခွက်တိုက်တာမျိုး ပြုလုပ်သင့်ပါတယ်။

🔺Wheel Chair သုံးနေရတဲ့ သူ၊လမ်းမလျှောက်နိုင်တော့တဲ့ မိဘတွေရှိနေရင် ညနေခင်း
လမ်းလျှောက်ထွက်ပြီး Wheel Chair လေးနဲ့ လိုက်တွန်းပေးပါ။အိမ်ထဲမှာနေရတဲ့ မွန်းကျပ်မှုတွေကင်းဝေးစေကာ လေကောင်းလေသန့်ရစေပါတယ်။စိတ်ကိုလန်းဆန်းစေတဲ့ အတွက် နာတာရှည်သမားတွေ ကျန်းမာရေးကောင်းမွန်စေနိုင်မှာပါ။

🔺အစာချက်နိုင်ချေ နည်းတဲ့အရွယ်မို့လို့ ထမင်းပျော့ပျော့ ချက်တာမျိုးပြုလုပ်သင့်ပါတယ်။ဖြစ်နိုင်ရင် ထမင်းပူပူ ဟင်းပူပူကျွေးပေးပါ။၇၀ ကျော်နောက်ပိုင်း အသက်ကြီးသူတွေက ထမင်းသီးတတ်တဲ့ အတွက် ထမင်းခွံ့ကျွေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

🔺အသီးအရွက်က‌လည်း အကောင်းဆုံးအဖော်မွန်တစ်ခုပါပဲ။အသီးအရွက်စားသုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ခြင်း၊ကင်ဆာအချို့ကို ကာကွယ်နိုင်ခြင်း၊မျက်လုံး‌ရောဂါနှင့် အစာအိမ်ရောဂါ တွေကိုကာကွယ်နိုင်တာကြောင့် အသီးအရွက်ကိုလည်း စားသုံးသင့်ပါတယ်။

🔺ရောဂါရှိတယ်ဆိုရင် ဆေးကရှိနေရပါပြီ။
ဆေးသောက်တဲ့အခါလဲ သီးတတ်တဲ့ အတွက် အလုံးလိုက်မသောက်နိုင်တဲ့အခါ ဆေးအမှုန့်ကြိတ်ပြီး တိုက်ပေးပါ။မိဘတွေကို အချိန်မှန်ဆေးတိုက်ဖို့ ကိုလည်း မမေ့ကြပါနဲ့နော်။

ကဲ..ဒါဆိုရင် မိဘကိုချစ်ကြ၊ဂရုစိုက်ကြတဲ့ သားသမီး အပေါင်းတို့ကလည်း ကိုယ့်ရဲ့ မိခင်၊ဖခင် ရှိနေတဲ့ အခိုက်အတန့်လေးမှာ ကောင်းနိုးရာရာလေးတွေကို ကျွေးမွေး ဂရုစိုက်ပြီး မိဘကျေးဇူးဆပ်နိုင်ကြစေဖို့ ရည်ညွှန်း နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။

#frankiestories
#littleworld

image